33(Z & U)
1.2K 157 44
Zawgyi
ခန္ဓာကိုယ်အပေါ်မှာလေးလံနေသလိုခံစားချက်ကြောင့် အိပ်နေရာမှ ဇွဲလန့်နိုးလာသည်။ညကတည်းက ဘာမှတောင်မလဲမဖယ်နိုင်ဘဲ သူအိပ်ပျော်သွားခဲ့၏။လေးလံနေရသည့်တရားခံကတော့ ခြေရောလက်ရောပစ်တင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော နောင်။ကာတွန်းရုပ်တွေပါသော ညဝတ်ဝမ်းဆက်ကြောင့် မြင်နေကျနှင့်မတူဘဲ ချစ်စရာတောင် ကောင်းနေပြန်သေးသည်။
သက်တူရွယ်တူဆိုပေမယ့် ဇွဲထက်စာရင် နောင်က ပိုပြီးအရွယ်တင်သည်။အကြောင်းအရင်းကတော့ မျက်နှာပြုံးရှိပြီး ပေါ့ပေါ့ပါးပါးနေတတ်ခြင်းကြောင့်သာ။နောင့်ကိုကြည့်လိုက်လျှင် စိတ်ညစ်နေတယ်ဆိုတာမျိုး တစ်ခါတရံလေးတောင်မမြင်ဖူးခဲ့သလို ပင်ပန်းတယ်ဆိုပြီးညည်းညူတာမျိုးတောင်မကြားဖူးခဲ့။ဇွဲလိုလူကိုတောင် ပေါ့ပေါ့ပါးပါးနဲ့ရယ်မိအောင် လုပ်နိုင်ခဲ့သေးသည့်လူသားပဲလေ။ဇွဲကိုယ်တိုင်လည်း နောင်ဘေးမှာရှိနေလျှင် စိတ်တွေပေါ့ပါးနေသယောင် ထင်မှတ်မိသည်အထိနောင်ကစွမ်းနိုင်သည်။
"နိုးနေပြီလား..''
မျက်လုံးမျက်ဖန်တွေကို လက်ဖြင့်ပွတ်သပ်ကာ အမောင်နောင်တစ်ယောက်နိုးလာချေပြီ။ဇွဲပေါင်ပေါ်ဖိတင်ထားသောခြေတစ်ဖက်ကိုမျက်စပစ်ပြတော့ ဟီးခနဲတစ်ချက်ရယ်ပြပြီး ဖယ်ပေးလေသည်။နောင်သည် တစ်ခါတရံလည်း ထိုသို့ကလေးဆန်တတ်သေး၏။
"မနက်စာဘာစားချင်လဲ ဇွဲ''
"မုန့်ဟင်းခါးဝယ်ကျွေးလေ''
"Ok...ငါ..ရေချိုးပြင်ဆင်လိုက်ဦးမယ်။မင်းလည်း ပြင်ဆင်ထား။ပြီးရင်သွားမယ်''
ပြောရင်းနဲ့ ကုတင်ပေါ်ကဆင်းရာမှာ စောင်နှင့်လုံးထွေးပြီး ပြုတ်ကျခါနီးမို့ မှီရာလက်မောင်းကိုလှမ်းဆွဲပေးထားရသေးသည်။တကယ့်ပြာရာနောင်။အဝရောက်တော့လည်း သူ့ဘာသူနေတဲ့တံခါးကို ဝင်တိုက်သေး။နောင်မျက်စိရှေ့ကပျောက်သွားမှ လုံးထွေးခဲ့သောစောင်များကိုခေါက်တင်ရင်း ကုတင်ခေါင်းရင်းဘောင်ပေါ်မှာတင်ခဲ့သောနောင့်မျက်မှန်ကို သတိထားမိသည်၊မျက်မှန်မပါလို့ ဒီလောက်ထိဟိုတိုက်ဒီတိုက်ဖြစ်နေတာပေါ့။မမြင်မစမ်းနဲ့ဆို အဆင်မပြေမှာမို့ မျက်မှန်လေးကိုင်ပြီး တစ်ဖက်အခန်းကိုကူးလာခဲ့လိုက်၏၊