15(Z & U)
1.7K 188 48
Zawgyi
မကြာခင်ကာလအတွင်း ဇွဲရဲ့ ပျဉ်ထောင်အိမ်လေးဟာ တဖြည်းဖြည်းနှင့် နှစ်ဆောင်ပြိုင်ဖြစ်လာခဲ့သည်။သစ်တွေဈေးပေါပေါနဲ့ရလို့,ခြံက အသီးတွေ အထွက်နူန်းကောင်းလို့ဆိုတဲ့ အကြောင်းပြချက်များစွာကို ငစိုးကတော့ မမောနိုင်မပမ်းနိုင် လိုက်ပြောနေပေမယ့် ဇွဲအနေနဲ့ကတော့ ရှင်းသည်။မရှိတုန်းကလည်း ဘယ်သူမှလာမေပးခဲ့သလို,ကိုယ့်ခြေကိုယ့်လက်သုံးပြီး ရှာထားရတဲ့အပေါ်လည်း ဘာအကြောင်းပြချက်မှမပေးနိုင်။အရေးကြီးတာတစ်ခုက အရွယ်ရောက်လာပြီဖြစ်သော ခွန်းစစ် မရိပ်မိဖို့သာလိုသည်။
"ကိုဇွဲ.''
ခေါ်သံနှင့်အတူ ခြံထဲလှမ်းဝင်လာသူက ဇွဲရဲ့အချစ်တော် ကိုခွန်းစစ်။လူပျိုပေါက်လေးဖြစ်လာတာကြောင့် အသံအနေအထားလေး ပြောင်းလဲသွားပေမယ့် ရုပ်ရည်ကတော့ ကလေးရုပ်မပျောက်။ကလေးလို့ ပြောရင်လည်း တကယ်ကိုမကြိုက်တာမို့ သူ့ကိုခေါ်သည့်အခေါ်အဝေါ်တောင်မှ ကိုဇွဲတဲ့လေ။
"ဟာ ကိုဇွဲအိမ်ကြီးက မိုက်လိုက်တာ''
"ဟုတ်ပဗျာ။ခင်ဗျားလေး လာအိပ်ချင်အိပ်လို့ရအောင်တောင် ကျွန်တော်မျိုးက အခန်းပြင်ပေးထားသေး''
အရင်အိမ်လေးမှာကတည်းက ဇွဲနှင့်အတူ အိပ်ခဲ့ချင်သည်ဟုဆိုကာ မကြာခဏဂျီတိုက်တတ်သည့် ကလေးအတွက် အိမ်အသစ်ကြီးမှာတော့ အခန်းကျယ်တစ်ခုကို အရံသင့်ထည့်သွင်းဖြစ်ခဲ့သည်၊
"အိပ်မှာ အိပ်မှာ။စိတ်ချ။ဒါနဲ့ ကိုဇွဲကလည်း အိမ်အကြီးပြန်ဆောက်မယ့်အတူ ခွန်းတို့နားက ခြံအလွတ်မှာဆောက်ပြီးရော။ဒီဘက်က ရွာပြင်ဘက်ကြီး ခြောက်ကပ်နေတာ။''
"ဟိုခြံက မြေကောင်းတယ် ခွန်းစစ်ရ။ကိုဇွဲ အပင်သစ်တွေပျိုးထားတာ စိုက်မှာ။ဒီခြံက ကိုယ့်အမေ ခေါင်းချသွားတဲ့နေရာမို့..''
မုသားမပါ လင်္ကာမချောပေ။တကယ်တမ်းကတော့အမေ့ကြောင့်ဆိုတာ တစ်စိတ်တစ်ပိုင်းဆိုပေမယ့် ဇွဲလုပ်နေသည့်အလုပ်နှင့် လူတောထဲ နေဖို့ အဆင်မပြေတာက အဓိက ပိုကျသည်၊
"ဝါး.. အခန်းက ရှယ်ပဲ။ဒါ ခွန်းအတွက်လား ဟုတ်လား''
ခွန်းစစ်အိမ်က အပြင်အဆင်နှင့်အတူဘဲ အမြင်ဆန်းနေခြင်းကို ကလေးပေါက်က အတော်ပင်သဘောကျနေဟန်ရှိသည်။