Zawgyi
"အား...ကျွတ်...ကျွတ်''
အခန်းထဲမှ ညည်းညူသံသဲ့သဲ့ကြောင့် အိမ်ရှေ့ထိုင်ပြီးစာရင်းလုပ်နေရာကနေ အပြေးသွားကြည့်ရသည်။အိမ်ကြီးရှင်လေး နိုးလာချေပြီ။
"ဇွဲ...ခြံထဲမသွားဘူးလား''
ဇွဲကိုမြင်သည်နှင့် အိပ်နေရာကနေထထိုင်ပြီးမေးလာလေသည်။ဆံပင်စုတ်ဖွားဖြင့် ပေတီးပေစုတ်လေးဖြစ်နေသော နောင့်ပုံစံက ဇွဲအတွက်တော့ ချစ်စဖွယ်အတိ။
"ခေါင်းကိုက်လား''
"အင်း..ကိုက်တယ်''
"ဘာလို့ရှည်လဲ..''
ဘာမှပြန်မဖြေဘဲ အိပ်ရာထက်ပြန်လှဲလို့ စောင်ကို ခေါင်းအထိဆွဲခြုံထားပြန်သည်။ဒါဟာ ညကအပြုအမူကိုသတိရပြီး ရှက်သွားတာမှန်း ဇွဲသိသည်။နောင့်ကျောဘက်မှာ အသာလေး ဝင်ထိုင်လိုက်ပြီး...
"အိပ်ရာထတော့လေ။ခေါင်းကိုက်ရင် မျက်နှာသစ်ပြီးမှပြန်အိပ်။''
"ငါ..မထချင်သေးဘူး''
"အင်းလေ..။ဒါဆို ငါလည်းပြန်အိပ်တာပေါ့၊ဟိုဘက်တိုး။''
နောင့်ဘေးကနေအတင်းဝင်ကာလှဲအိပ်ရင်း စောင်အလုံခြုံထားသည့် ခန္ဓာကိုယ်ပိန်ရှည်ရှည်ကိုပါ တင်းနေအောင်ဆွဲဖက်ပစ်လိုက်တော့..
"ဘာလုပ်တာလဲ၊မင်း ခြံထဲသွားရမှာလေ။သွားတော့''
"ဒီနေ့မလာဘူးလို့ ပြောထားတယ်။မင်းနားမှာပဲတစ်နေ့လုံးနေမှာ''
ဟာ ခနဲအသံထွက်လာသော နောင့်ကြောင့် ဇွဲ ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ညကတော့ ခုဆိုမှခု ပြသနာရှာနေသူက အမူးပြေတော့ ရှိသမျှအရှက် အကုန်သည်းနေတော့၏။
"နောင်...ဒီလိုပဲရှက်နေတော့မှာလား။မင်း အဲ့လိုရှက်နေသရွေ့ ငါကရှေ့ဆက်တိုးမှာမဟုတ်ဘူးနော်''
"ငါ့ကို စိတ်ပျက်လား''
"ညက ငါဖြေပြီးပြီပဲ။မင်းကို ငါကဘာအကြောင်းနဲ့မှ စိတ်မပျက်ဘူး။''
"ဘာမှမပေးနိုင်ရင်ရော..မချည်နှောင်နိုင်ရင်ရော..''
နောက်ကျောဘက်ကနေ နောင့်ခါးနေရာကို တင်းနေအောင်ဖက်ထားလိုက်ရင်း ဇွဲရဲ့မျက်နှာကိုပါ နောင့်ပခုံးနားတိုးကပ်လိုက်သည်။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...