Zawgyi
ခွန်းစစ်ရဲ့ အခြေအနေကို သိရှိပြီးနောက်ပိုင်း ခါတိုင်းထက်ပိုပြီးကို အရိပ်တကြည့်ကြည့် ဖြစ်နေရသည်။ခွန်းစစ်လုပ်သမျှ ကိစ္စတိုင်းမှာ ဇွဲမပါဘဲမပြီးစေရ။ကျောင်းသွားကျောင်းပြန်လည်း ငစိုးကို မလွှဲတော့ဘဲ ဇွဲသာဖြစ်အောင်လုပ်သည်။ဇွဲနားမလည်သည့် ယောကျာ်းလေးချင်းကြားက ပတ်သက်မှုကိုလည်း လက်လှမ်းမှီသလောက် လေ့လာရသည်။စိတ်လိုလက်ရဖြင့် လာပြတတ်သော seriesများကိုလည်း သူနှင့်အတူ ကြည့်ပေးဖြစ်၏။
တချို့သောဇာတ်ဝင်ခန်းများမှာ ဇွဲအတွက် မရင်းနှီးသော်လည်း ဘေးက ကြည့်နေသူခွန်းစစ်ကတော့ အသံပေါင်းစုံထွက်လျက်အားပေးတတ်သည်။တစ်ခါတရံဆို အသည်းယားသည်ဟုဆိုကာ ဘေးနားရှိသည့် ဇွဲလက်မောင်းကို ဖိကိုက်တတ်သေး၏။ဇွဲကတော့ အသားနာလည်းပဲ ဒီကလေးစိတ်လွတ်လက်လွတ်ပျော်နေတာမြင်ရရင်ကို အဆင်ပြေနေလေပြီ။သူ့အိမ်မှာဆို ဒီလိုမျိုးမှ နေလို့မရရှာဘဲ။ဖခင်က မကြည်ဖြူရသည့်အထဲ အငယ်ကောင်ခွန်းသစ်ကလည်း သူ့အကိုကို မျက်စိဒေါက်ထောက်ကိုကြည့်နေတတ်သူ။ဇွဲကတော့ဖြင့် ခွန်းစစ်အတွက်သာဆိုလျှင် အံမဝင်သောဘောင်တစ်ခုအတွင်းကိုလည်း ခြေစုံပစ်၍ ဝင်နိုင်သည်။
"ကိုဇွဲ..''
"ဟင်...''
"အာ..ကိုဇွဲက ဇာတ်လမ်းထဲ ဈာန်ဝင်နေတာလား။ခွန်းပြောသားပဲ ဒီကားလေးကောင်းပါတယ်ဆို''
စိတ်ထင်ရာပြောပြီး သူ့ဇာတ်ကားကောင်းကြောင်း ညွှန်းနေသည့်ခွန်းစစ်ကို ဇွဲ ပြန်မပြောနိုင်စွာပင် ရယ်သာပြလိုက်တော့သည်။တကယ်တမ်းကျ ဆံပင်အနီဆိုးထားသည့်ခေါင်းလုံးလုံးလေးကိုထိုင်ကြည့်နေရင်း ဇာတ်လမ်းက ဘာဖြစ်သွားမှန်းပင်မသိ။
"ပြောလေ ဘာပြောမလို့လဲ ကိုဇွဲကို''
"သြော်..ကိုဇွဲမှာရော ချစ်တဲ့သူ မရှိဘူးလားလို့ မေးမလို့၊ဟို..ကိုဇွဲကရော...မိန်းမပဲသဘောကျတာလား''
သိတက်စကတည်းက မိန်းမဆိုလို့ အမေနဲ့ဆရာမကိုသာချစ်တယ်လို့ခံစားခဲ့ဖူးသည့်ဇွဲလိုလူမှာ ဘယ်လိင်ကိုစိတ်ဝင်စားသည်ဆိုသော အကြောင်းအချက်မျိုး ရေရေရာရာရှိမနေ။ယောကျာ်းလေးဆိုရင်တော့ ယခု ဇွဲမျက်စိရှေ့တွင်ရှိနေသော ခွန်းစစ်သည် ဇွဲချစ်ရသူပင်။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...