28(Z & U)
1.3K 157 28
Zawgyi
လေယာဉ်စီးချိန်ဟာ၁နာရီခွဲစွန်းစွန်းဆိုပေမယ့် နောင့်အတွက်တော့ တော်တော်ကို ကြာမြင့်လေသည်၊လေဆိပ်မှာ ကားပါအကြိုလွှတ်ထားပုံရလျှင် ဖေကြီးရဲ့အရှိန်ကလည်း တော်ရုံမဟုတ်၊တာချီလိတ်ဆေးရုံကိုရောက်တော့ ဖေကြီးက နောင့်လက်ကိုဆွဲလို့ ဆေးရုံရဲ့ အခန်းတစ်ခုဆီခေါ်ဆောင်သွားသည်။ဆေးရုံအုပ်ရုံးခန်းဟုအမည်တပ်ထားပြီး အထဲမှာ စောင့်နေသူက ဖေကြီးနှင့် အသက်အရွယ်သိပ်ကွာဟန်မရှိသော လူတစ်ယောက်။တွေ့တွေ့ချင်း ဖေကြီးကို ပခုံးဖက်လို့ နောင် နားမလည်သော ဘာသာစကားတစ်ခုဖြင့်နှုတ်ဆက်လေသည်။နောင်စိတ်ပူနေတာကိုသိသော ဖေကြီးကတော့ ဇွဲရဲ့အခြေအနေကိုသာဦးစွာမေးမြန်းနေ၏။
သေနတ်ဒဏ်ရာနှစ်ချက်ထိထားသော ဇွဲက ခွဲခန်းထဲမှာပင်ရှိနေသေးပြီး ၊ခွဲခန်းအဝကို အပြေးအလွှားသွားတော့ ထိုင်ခုံမှာထိုင်ရင်း ငြိမ်သက်နေသော ငစိုးကိုတွေ့လိုက်ရသည်။တွေ့တွေ့ချင်းပင် မတ်တက်ဆွဲရပ်ပြီး ခွပ်ခနဲနေအောင်ထိုးချလိုက်မိတော့၏၊
"ငါ..သေချာမမှာခဲ့ဘုးလား။ငါမရှိတုန်း ဇွဲကိုဘယ်မှ ပေးမသွားပါနဲ့လို့ ...ငါသေချာပြောခဲ့တယ်လေ..''
"သားငယ်..သားငယ်..စိတ်ကိုလျှော့စမ်း...ဘာလို့အဲ့လိုလုပ်ရတာလဲ''
ဖေကြီးဆွဲနေသည့်ကြားမှ ငစိုးရဲ့ ကော်လံနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း..
"ငါပြောခဲ့တယ်လေ...ငစိုးရယ်၊ငါသေချာပြောခဲ့ရက်နဲ့...။''
"မဖြစ်မနေသွားရမယ့်ကိစ္စမို့ပါ..ဒေါက်တာလေးရယ်...ကျွန်တော်''
ငစိုးရဲ့မျက်နှာမှာလည်း အညိုအမည်းကအပြည့်၊၊စိတ်လိုက်မာန်ပါထိုးလိုက်မိသည့် လက်သီးအတွက် နောင် အားနာမိသွားသည်၊၊ဇွဲ သေနတ်မမှန်ခင်စပ်ကြား ပြသနာတက်ခဲ့ကြသေးတာလား။ငစိုးရဲ့ အင်္ကျီစကို လွှတ်လိုက်ပြီး ခွဲခန်းအရှေ့မှာပင်  ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်ကာ...
"ငါတောင်းပန်ပါတယ် ငစိုးရာ။ငါတကယ်စိတ်တွေထွေနေလို့ပါ..။ဇွဲ.အခြေအနေက..အဆင်ရောပြေလားဟင်''