36(Z & U)
1.2K 155 26
Zawgyi
ဇွဲရဲ့ အိမ်ကို သွားဖို့်က တံခါးမရှိ၊ဓားမရှိဆိုပေမယ့် အိမ်အနောက်ဘက်ဂိုဒေါင်ကို သွားဖို့အတွက်တော့ ဇွဲမရှိမှဖြစ်မည်။ဇွဲနဲ့ပတ်သက်ရင် ဘယ်အရာဘယ်ကိစ္စကိုမှ နောင်မတားဆီးခဲ့။အတတ်နိုင်ဆုံးဒေါသကိုလျှော့ဖို့ပြောခဲ့သည်ကလွဲလျှင် ကိစ္စမှန်သမျှ ဇွဲစိတ်တိုင်းကျ။ဖြစ်သမျှကိစ္စတိုင်းကိုလည်း မှူခင်းcaseနဲ့မငြိအောင် နောင်ကပင် ဖုံးဖိခဲ့ပေါင်းများပြီ။သို့ပေသိ..လူ့အသက်နှင့်နွယ်နေသည်ဒီလိုကိစ္စကြီးကိုတော့ ဇွဲ စိတ်ကြိုက်လုပ်ခွင့်မပေးနိုင်။အတ္တဆန်ဆန်ပြောရလျှင် လူ့အသက်သေတာမသေထက် ဇွဲဒုက္ခရောက်မည်ကို နောင်ပိုကြောက်သည်။
ဒီအကြောက်တရားကပဲ ဂိုဒေါင်ထဲကကောင်လေးကို ဇွဲမသိအောင်ကုသပေးဖို့အထိ သတ္တိတွေဖြစ်လာစေခဲ့၏။ဇွဲသိလို့ ပြသနာတက်မယ်၊နောင့်ကိုမုန်းမယ်ဆိုလည်းအသာတကြည်ကိုအမုန်းခံနိုင်သည်၊ဇွဲဘဝကိုတော့ဖြင့် ဘယ်နည်းနဲ့မှ မနစ်မွန်းစေရ။
"ငစိုး..မင်းဆရာ.အပြင်သွားတာသေချာလား''
"သေချာတယ် ဒေါက်တာ။တောင်ဘက်ပိုင်းကအသီးခြံက ဒီနေ့အသီးချမှာမို့ ဈေးစကားသွားပြောတာ၊ကြာမှာ''
ဂိုဒေါင်တံခါးကို ငစိုးကဖွင့်ပေးပြီး နောင်ကတော့ မီးခလုတ်ဖွင့်လို့ လဲနေသည့်ကောင်လေးကို သွားပြေးထူရသည်။ကျောတစ်ပြင်လုံးစုတ်ပြတ်နေပါရောလား။အနှီကောင်လေးက ဒဏ်ရာတွေပြည့်နေတာတောင် အကြောတင်းစွာဖြင့် နောင့်လက်ထဲမှ ရုန်းထွက်သည်။
"ခင်ဗျား ဘယ်သူလဲ။ကျုပ်ကိုသတ်ဖို့ ဟိုလူယုတ်မာလွှတ်လိုက်တာလား..''
ဇွဲလုပ်ရပ်က မဟုတ်မှန်းသိသော်လည်း လူယုတ်မာရယ်လို့တစ်ဖက်လူ၏နှုတ်ကထွက်လာခြင်းကိုတော့ နောင်မခံချင်။ဒဏ်ရာတွေကို ကိုင်တွယ်ဖို့လုပ်နေရာကနေ နောင့်လက်တွေကိုရပ်တန့်ပစ်လိုက်ပြီး..
"ငါက မင်းကို ကုပေးဖို့လာခဲ့တဲ့ဆရာဝန်။မင်း ယုံကြည်ရင်အကုခံ။မယုံကြည်လည်း အသေခံလိုက်တော့''
မျက်မှောင်နှစ်ဖက်ကို ကျုံထားကာ နောင့်ကိုစူးစိုက်ကြည့်ပြီး တွေဝေနေလေသည်။ဒါပေါ့လေ..။လူတစ်ယောက်ကို ယုံဖို့ဆိုတာဒီလောက်တော့ဘယ်လွယ်မလဲ။ဟက်။ပြောသာပြောရသည်။ဒီကောင်လေးက ဇွဲလိမ်ပြောသမျှကိုတော့ အဟုတ်ကြီးထင်ပြီး အမုန်းကြီးမုန်းနေတာပဲ။