6(Z & U)
1.7K 204 67
Zawgyi
ခြံပျက်တစ်ခုရှေ့ ခြေချမိရုံရှိသေး ညှီစို့စို့အနံ့တစ်ခုက နှာခေါင်းထဲ တိုးကာဝင်ရောက်လာလေသည်။ကြောက်စိတ်ကြောင့် သူ့ခြေလှမ်းတွေကလည်းရှေ့မရောက်။
"ကိုစိန်မောင် လူလာပို့တာလား''
"အေး။ဒီမှာ..''
ခပ်ရို့ရို့ရပ်နေသည့် သူ့ကို အဖေကဆောင့်ဆွဲခေါ်လိုက်ပြီးနောက် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဖြင့် သွားတွေနီရဲနေသော လူကြီးရှေ့ တွန်းလွှတ်လေသည်။
"ကောင်းတယ် ဒီအရွယ်လေးတွေပဲ။ဖင်ပေါ့တယ်။ခိုင်းကောင်းတယ်''
"Okလေ။ဒါဆို ခေါ်ထားလိုက်တော့။ပြီးတော့ ငါ့အတွက် လာဦးလေ''
"ခိုင်းကြည့်ပါရစေဦး။ဘယ်နှယ့်ဖြစ်လို့လောလိုက်တာ။''
လူကြီးက သူ့ကို ခြေဆုံးခေါင်းဆုံးအကဲခတ်သလိုကြည့်ရင်း ပါးစောင်အတွင်းမှ ကွမ်းရည်များကို ဗျစ်ခနဲ ထိုးချလိုက်သေးသည်။
"နောက်ကနောက်ပေါ့ကွာ။ခုတော့ နည်းနည်းမစဦး။ငါ့အသွေးအသားလေးအတွက် ရိက္ခာလိုတယ်ကွ''
"ခင်ဗျားဗျာ။ကြည့်လည်းလုပ်ဦး။တော်ကြာ သက်တမ်းမစေ့ခင် ကြွနေဦးမယ်..ရော့ ဒီမှာပိုက်ဆံ''
ဟိုလူကြီးရဲ့ခါးပုံစထဲမှ ပိုက်ဆံအချို့ အဖေ့လက်ထဲရောက်သွားပြီး သူ့ကိုပင် အဖေလှည့်မကြည့်တော့ပေ။ခုအဖြစ်အပျက်ကြီးက ဘယ်လိုလဲ။သူ့ကို အဖေက ရောင်းစားသွားခြင်းများလား။
"လာ ဟိုကောင်လေး။ဒီနေ့ ပေါ်ပေးရမယ့်အကောင်နည်းလို့ မင်းသက်သာမယ်''
"သားက ဘာလုပ်ရမှာလဲ ခင်ဗျ''
သူ့အမေးကိုပြန်မဖြေ။လိုက်ခဲ့ဆိုသော အမူအရာဖြင့် ခြံနောက်ဘက်ကို လျှောက်သွားလေပြီ။ဝါးရုံတန်းတွေအနောက်ဘက်ကိုရောက်တော့ ကြိုးချည်ထားသော နွားအချို့ကို တွေ့လိုက်ရသည်။
"ဟေ့ကောင်တွေ အဆင်သင့်ပဲလား''
"ဟုတ်ကဲ့ပါဆရာ..''
အသံကြားမှ ဝါးရုံပင်ခြေနား အရက်ထိုင်သောက်နေသူအချို့ကို သူသတိထားမိလေသည်။ကွမ်းစားသည့်လူကြီးအသံကိုကြားတော့ ထိုင်နေသူများ အလျိုလျိုထလာပြီး..