Zawgyi
ပိတ်ရက်တွေဟာ တခြားကျောင်းသားအတွက်တော့ စာကျက်ချိန်ဆိုပေမယ့် သူ့အတွက်ကတော့ ခြံအလုပ်တစ်ဖက်စာတစ်ဖက်ပင်။
"အမေ ဒီနေ့ သားအသီးသွားပို့မှာ ။အိမ်မှာနေလို့ဖြစ်လား''
"အရင်လို သူများနဲ့ထည့်မပေးလိုက်ဘူးလား ''
ပုံမှန်ကတော့ အသီးများများရောင်းတဲ့သူနဲ့ ထည့်ပေးလိုက်ပေမယ့် ကြားကနေဖြတ်ဖြတ်ယူတတ်သည့်အဖေ့ကြောင့် ဒီတစ်ခေါက်တော့ သူကိုယ်တိုင်သွားမှဖြစ်မည်။
"သားလည်းဝယ်စရာရှိလို့ပါ။ဘာမှလျှောက်မလုပ်ဘဲ အိမ်မှာပဲနေနော်''
သူတို့ခြံက ရွာအစွန်မှာထီးထီးကြီးရှိနေပြီး ဘေးကပ်ရပ်ကခြံတွေရှိပေမယ့်လို့ လူမရှိ။အမေသာတစ်ခုခုဖြစ်နေရင် သူများမသိနိုင်၊သိလည်း ကူညီမယ့်သူကအရှားသားလေ။စိတ်တော့မချပေမယ့် မသွားလို့ကမဖြစ်။
"ရပါတယ် စိတ်ချလက်ချသွား။အမေ အိမ်မှာပဲနေမယ်''
"ဟုတ် ဟုတ်''
#
"ဟဲ့ နန်းခင် ထွက်ခဲ့စမ်း @#@#@''
အော်ဟစ်ဆဲဆိုသံတွေကြောင့် အိမ်ခန်းထဲလှဲနေရာမှ ထရံပေါက်အားကိုးကာ အသာလေးချောင်းကြည့်လိုက်သည်။ပုဆိုးကြီးလှန်လှန်ပြီး မကြားဝံ့မကြားနာသာတွေ ပြောနေသည်မှာ အလွန်ပင်ကြောက်စရာကောင်းလှပေ၏။
"ထွက်ခဲ့လို့ပြောနေတယ်နော်၊ဟိုခွေးကောင်လေးမရှိတာငါသိတယ်၊နင်ထွက်လာခဲ့''
နန်းခင် နာမည်ကိုလည်း အကျယ်ကြီးအော်အော်ခေါ်ပြီး ဆဲနေခြင်းကိုလည်း မရပ်။လက်ထဲမှာကလည်း အရက်ပုလင်းနဲ့အတူ ဓားရှည်တစ်ချောင်း။
"သောက်ကောင်မက ငါ့ကိုမခန့်တာ၊တွေ့ကြသေးတာပေါ့''
ခြံတံခါးယိုင်နဲ့နဲ့ကို အားဖြင့် ကန်ထုတ်လိုက်ပြီး ခြံထဲထိ ကျူးကျော်ဝင်ရောက်လာကာ ခြံထဲမှ အပင်အနှံများကို ဓားဖြင့်ခုတ်ထစ်ဖျက်ဆီးနေလေတော့သည်။
"နင်ထွက်မလာဘူးနော်၊အေး နင့်အပင်တွေကုန်ပြီသာမှတ်...ကဲကွာ..ကဲကွာ''
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...