Zawgyi
မိဘတွေစိတ်တိုင်းကျ ဘွဲ့လွန်တော့ထပ်ဖြေပါရဲ့၊အပြောင်းကိုဖြင့် ယောင်လို့တောင်မလျှောက်ဆိုတော့ ဒေါ်ထားထားမေတစ်ယောက် နီးစပ်ရာကိုအပူကပ်ရလေပြီ။သားအကြောင်းကိုစိတ်မဝင်စားသည့်ဖအေကိုလည်းတစ်ခွန်းမှတိုင်ပင်မနေတော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ သားပြန်ပြောင်းလာဖို့အရေးကြိုးပမ်းရတော့မည်၊ထားမေကလေ သူများမအေတွေလိုသားသမီးကို အချိန်တန်အရွယ်ရောက်ရင်အိမ်ထောင်ပြုရမယ်ဆိုသောအတွေးမရှိ။အိမ်ထောင်ရက်သားကျပြီး ဒီသားကိုဒီမအေက မပိုင်ရတော့တာမျိုး ထားမေကြောက်သည်။ညည်းဝဋ်ကိုလှလှကြီးလည်ဦးမှာဆိုသည့် ယောက္ခမဖြစ်သူရဲ့စကားကလည်းထားမေ နားထဲတဝယ်လည်လည်။ကိုတင်မောင်နှင့်ထိမ်းမြားခဲ့စဉ်က သျှောင်နောက်ဆံထုံးပါ မဟုတ်ဘဲ ဆံထုံးနောက်ကိုသျှောင်ပါဖို့အရေး ပြသနာများစွာတက်ခဲ့ကြရတာ လူတိုင်းအသိ။
ကိုတင်မောင်ဆိုတာလည်း တစ်ဦးတည်းသောသား။ဒီတော့ယောက္ခမက မျက်စိအောက်မှာထားချင်၊ထားမေကလည်း အိမ်ခွဲနေရမှဆိုကာ ဗိုက်ထဲကကလေးဗန်းပြပြီးပြသနာလုပ်တော့ နောက်ဆုံး တစ်ဖက်မိဘတွေကပဲ သူတို့သားစိတ်မဆင်းရဲဖို့အရေး လိုက်လျောပေးလိုက်ကြသည်။ထိုနေ့ကစလို့ကိုတင်မောင်ဆိုတာမိဘနေရပ်ဆီကို တစ်နှစ်နှစ်ခါလောက်သာအနိုင်နိုင်ပြန်ရခြင်းက သူ့မိဘတွေခေါင်းချချိန်ကိုတောင်မမှီနိုင်ခဲ့ပေ။
ယခုတော့ထားမေရင်မှဖြစ်သောသားက အိမ်ထောင်တောင်မကျသေးသော်ငြား အိမ်ကိုတစ်နှစ်တစ်ခေါက်သေချာပြန်မရောက်ပေ၊တကယ်ကိုများ ဝဋ်လည်နေပြီလားမသိ။ဒီလိုတော့အဖြစ်မခံနိုင်။ဒါကြောင့်လည်း ရသမျှနည်းလမ်းအစုံသုံးပြီး မရမကပြန်ခေါ်ရမည်မဟုတ်လား။ဝဋ်ဆိုတာ အသုံးမကျတဲ့လူတွေအတွက်ပါ။ထားမေကတော့ ရအောင်ကို ပြောင်းလဲယူမှာ။
#
သားရဲ့နေအိမ်လေးက တကယ်ကိုအေးချမ်းသည်။ရန်ကုန်မှာထားမေစကားတွေနားထောင်ပြီးပူလောင်နေမဲ့အစား သားကိုလည်းအကဲခတ်၊အပန်းဖြေရာလည်းရောက်အောင် ကလောကိုထထွက်လာခဲ့လိုက်သည်၊ခရီးဝေးကို ဦးတင်မောင်တစ်ယောက်တည်းမောင်းဖို့ရာက အဆင်မပြေလေတော့ ဘုန်းသန့်ကိုပါ အကူအညီတောင်းပြီးခေါ်ခဲ့ရတော့ပင်။ဘုန်းသန့်ကလည်း သူ့အမျိုးသားကို လေကောင်းလေသန့်ရှူစေချင်နေတာနဲ့ အတော်ပေါ့၊
VOUS LISEZ
Roman d'amourမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...