Zawgyi
ဇွဲ
ဇွဲရဲ့ပင်ကိုစိတ်ကလေတကယ်တမ်းကျနူးညံ့တဲ့ဘက်နွေးထွေးတဲ့ဘက်မှာပဲရှိတာ။ကြမ်းကြမ်းတမ်းတမ်းကြီးလို့ထင်ရပေမယ့်ကြောက်တတ်တာကိုလူမမြင်အောင်ဖုံးကွယ်ထားတယ်လို့ပဲဆိုရမယ်။သူများကိုဆိုလည်း အလွယ်လေးတွယ်ချင်တဲ့စိတ်မျိုးနော်။သူ့အမေဆုံးတော့ ငစိုးကို မှီပြီးသူငိုတာမှတ်မိတယ်မဟုတ်လား။ဖြစ်ချင်တော့ငစိုးကလည်းငယ်ငယ်ကကျအမွှေကောင်လေ။အဲ့တော့ သူမှီမိမှီရာ မှီလိုက်တာမှာဒီလိုဖြစ်တော့ သစ္စာဖောက်ခံရသလိုစိတ်မျိုးဝင်ပြီး ဘယ်သူ့ကိုမဆိုသံသယနဲ့ပဲ ကြည့်တော့တာ။
ခွန်းအပေါ်ကို သူကညီငယ်လေးတစ်ယောက်လိုပဲချစ်ခဲ့တာ။ကလေးချစ်တတ်တဲ့အခံကလည်းရှိ၊ပြီးတော့သူ့ကိုတစ်ဦးတည်းသောလာတွယ်ချိတ်တဲ့ကောင်လေးလေ။ညီအရင်းအခြာလိုပဲ စိတ်ထဲဖြစ်နေတာ။ဒါကြောင့် အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်တယ်။အလိုလိုက်တယ်။ဒါပေမယ့် သူ့ကိစ္စတွေထဲတော့ဝင်ပတ်သက်ခွင့်မပြုဘူး။ပြောရရင်သူ့လုပ်ရပ်တွေကိုခွန်းစစ်သိသွားရင်သူ့ကိုမချစ်တော့ဘဲနေမယ်လို့သာတဖွဖွပြောနေတာ တကယ်တမ်းကျ ဒါတွေပေးသိလိုက်ဖို့အထိယုံကြည်မှုမထားပေးနိုင်တာ။
နောင့်အပေါ်ကိုကျတော့ သူကယုံကြည်တယ်။သူ့ရဲ့မသိစိတ်ထဲမှာကိုက ဒီလူကိုဆိုရင် ဘာမဆိုပေးသိဖို့ဝန်မလေးသလို သူ့ဘဝအရှိအတိုင်းချပြဖို့လည်းသိမ်ငယ်မနေဘူး။သူ့ဘဝအကြောင်းကိုစေ့စေ့စုံစုံပြောပြဖူးတာလည်း နောင့်ကိုပဲရှိတာနော်။မူးလို့ပြောခဲ့တယ်ဆိုပေမယ့် ဒီလောက်သောက်တတ်တဲ့လူက တခြားသူရှေ့မှာကျဘာလို့ခုလောက်ထိမမူးလဲ။အဖြေကရှင်းရှင်းလေးပါ။နောင့်အရှေ့မှာဆို သူကဘယ်လိုအနေအထားကြီးဖြစ်ဖြစ် စိတ်လွတ်လက်လွတ်နေနိုင်တယ်အထိ နောင့်ကိုယုံတယ်လေ။
နောင့်ကိုစတွေ့ကတည်းက သူ့ရင်ထဲထည့်ထားပြီးသား။နောင့်အတွက် နောင့်အတွက်ဆိုတာ သူလည်းအမြဲတွေးတယ်။ခရီးဝေးသွားတာတောင် နောင့်အတွက်မာဖလာလေးသတိတရဝယ်လာပေးတာသာကြည့်လေ။တစ်ဖက်မှာကလည်း နောင်ကဧည့်သည်မို့ပြန်သွားမှာပဲဆိုတဲ့စိတ်နဲ့ မတွယ်မိအောင်သူ့ကိုသူထိန်းတယ်၊သူ့စိတ်ကိုသူတားဆီးတယ်။နောက် ဇွဲရဲ့အကျင့်က သူမသိတဲ့စားစရာဆိုဘယ်တော့မှမစားဘူး။စားရကောင်းမှန်းမသိတာမဟုတ်ဘဲစားကိုမစားတာ။ဒီလိုလူက နောင်ချက်ကျွေးတဲ့မုန့်ဟင်းခါးကိုတော့ဘာမှန်းမသိဘဲအများကြီးကိုစားခဲ့တာနော်။
YOU ARE READING
Romanceမွေးဖွားခြင်းနဲ့အတူ တွဲရက်ကပ်ပါလာသော ကံမကောင်းခြင်းတွေကြောင့် ခက်ခဲကြမ်းတမ်းစွာကြီးပြင်းခဲ့ရတဲ့ကောင်လေးရဲ့ဘဝကို မေတ္တာတရားနဲ့အေးချမ်းစေတဲ့အခါ။ ဒီဇာတ်လမ်းဟာ စာရေးသူရဲ့ စိတ်ကူးယဉ်ရေးဖွဲ့မှုသာ ဖြစ်တာမို့ အကြောင်းတိုက်ဆိုင်သွားခဲ့ရင် နားလည်ပေးဖို့တောင်းဆိ...