14(Z & U)
1.6K 197 12
Zawgyi
လူတစ်ယောက်ကို ဝိုင်းဝန်းရိုက်နှက်နေသော အသံများကြောင့် ဇွဲ အိပ်ရာမှ လန့်နိုးလာသည်။အိပ်ရာအနေအထားကို ကြည့်မှ မနေ့ညက အပြန်နောက်ကျပြီး ဦးစိုင်းဘ အိမ်မှာ အိပ်မိကြောင်း အမှတ်ရသည်။အပြင်ဘက်မှ ဆူညံသံများကြောင့် ဆက်အိပ်၍လည်းမရ​တော့ချေ။ထို့ကြောင့် ​ကျောပိုးအိတ်ထဲ ပစ္စည်းတချို့ပြန်ထည့်လိုက်ပြီး  အခန်းအပြင်ကို ထွက်လိုက်တော့ ဒူးထောက်လျက် ​ကျောပေးထားသော လူတစ်​ယောက်နှင့် ထိုလူကို ထိုးကြိတ်နေသော ဦးစိုင်းဘ၏ တပည့်တပန်းများစွာက ဧည့်ခန်းထဲ နေရာယူထား၏။
"မောင်ဇွဲ တောင် နိုးသွားတာကိုး''
မနေ့ကလမ်းကြောင်းနှင့်ပတ်သက်ပြီး ​ငွေထုပ်အများအပြားရထားသည့် မျက်နှာက အ​တော်ပင်ကြီးပုံရသည်။လူတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားနေသူက ဇွဲရဲ့ အိပ်စက်ခြင်းကိုတော့ စိတ်ပူချင်ယောင်ဆောင်ပေးဖော်ရသေးသားပဲ။ဇွဲကတော့ လူတစ်ယောက်ကို ရိုက်နှက်နေတာလည်း မမြင်ချင်သလို ဝင်လည်းမပါချင်တာကြောင့် အိမ်ထဲမှ ထွက်သွားဖို့သာ ခြေလှမ်းပြင်လိုက်သည်။
"ကျွန်တော် တကယ်ဘာမှမသိပါဘူးဗျာ။ကျွန်တော် ဟင်းစားရလိုရငြား ငှက်လိုက်ပစ်ရင်း ရောက်လာတာပါ''
ရင်းနှီးနေသောအသံမို့ လှည့်ကြည့်လိုက်တော့ ဖူးယောင်နေသောမျက်နှာက ဇွဲ ဘက်လှည့်လာပြီး မျက်နှာကိုပါ သေချာမြင်လိုက်ရသည်။ပြသနာအချို့ရှိထားပေမယ့် ကိုယ့်ကို ကူညီပေးဖူးသည့်ကျေးဇူးတော့ ရှိခဲ့သည်မဟုတ်လား။
"သောက်ပိုတွေ မပြောနဲ့၊ဟေ့ကောင်တွေ မေးလို့မရရင် လက်စဖျောက်ပစ်လိုက် ကြာတယ်''
အမြဲလိုလို လူတစ်ယောက်ကို သတ်ဖို့ဝန်မလေးသော ဦးစိုင်းဘ၏ အမိန့်ပေးသံအဆုံး ခွေးနီလက်ထဲမှ ဓားကလည်း လက်ခနဲ ။ရုတ်တရက်မို့ ဟန့်တားရန်အချိန်မရှိတော့ဘဲ ခွေးနီ၏ ဓားကိုင်လက်ကိုသာ အလျင်အမြန်ရိုက်ချပစ်လိုက်ရတော့သည်။
"ဘာဝင်ရှုပ်တာလဲ ဇွဲမွန်သာ''
"သူ မဟုတ်ပါဘူးလို့ ပြောနေတယ် မဟုတ်လား''