Ep - 01

428 56 24
                                    

" ဘာဘယ်လ်တီး တစ်ခွက် ပေးပါ။ ရေခဲ လျှော့ပြီး သကြား များများ ပို ထည့်ပါမယ်။ "

ဆွန်းအာက ပုပုသေးသေး ကောင်မလေး။

ဆွန်းအာကိုဆို ဘယ်သူကမှ အသက် နှစ်ဆယ် ပြည့်ပြီးသား မိန်းကလေးရယ် လို့ မယုံကြည်ကြလောက်အောင် ဆွန်းအာက အဲဒီလိုမျိုး သေးသေးညှက်ညှက်ကလေး ဖြစ်နေတာ။

ဆွန်းအာ၏ နာမည် အပြည့်အစုံဟာ ဘို့ဆွန်းအာ။

အဖေ့မျိုးရိုးက ဘို့ ဖြစ်နေသည့် အကျိုးကျေးဇူးကြောင့် ဆွန်းအာဟာ တကယ်ကိုပဲ မက်မွန်သီးအစစ်ကလေးတစ်လုံး ဖြစ်ခွင့်ရခဲ့သည် ဟု ဆိုရမှာပေါ့။

ဆွန်းအာ နာမည်က မက်မွန်သီးကလေး ဆိုသော အဓိပ္ပာယ် ရနေသကဲ့သို့ ဆွန်းအာကိုယ်တိုင်ဟာလည်း မက်မွန်သီးနှင့် ပတ်သက်သမျှကို သဘောကျနှစ်ခြိုက်သူပါ။

ဥပမာ မက်မွန်သီးအရောင်။

ဆွန်းအာ အဝတ်ဗီဒိုထဲ ရှိသမျှ အဝတ်အစားတစ်ဝက်ကျော်ဟာ မက်မွန်သီးအရောင် ဖြစ်သည့် ပန်းရောင်ဖျော့ဖျော့လေးတွေချည်း။
ဆွန်းအာ လွယ်တဲ့ ကျောပိုးအိတ်၊ ကိုင်လေ့ ရှိတဲ့ ပိုက်ဆံအိတ်၊ ခေါင်းမှာ ပန်တဲ့ ကလစ်တွေ။ ဘီးကုတ်တွေ၊ လက်ပတ်နာရီတွေကအစ ဖိနပ်တွေကအဆုံး ဆွန်းအာတွင် မက်မွန်သီးရောင် အဆင်တန်ဆာတွေက တကယ် စုံလင်အောင်ကို အများအပြား ရှိသည်။ အဲ့ဒါအပြင် ဆွန်းအာ ဆံပင်အရောင်ကလည်း မက်မွန်သီးရောင်။

ဆွန်းအာဟာ ပျော်ပျော်နေတတ်သည်။
စကားပြောလည်း သွက်သည်။
လူကြားသူကြားထဲ ရှိနေရ၍ ဟူကာ မိန်းကလေးဆန်ဆန် အိန္ဒြေထိန်းနေတာတွေဘာတွေလည်း သိပ်လုပ်တတ်တာ မဟုတ်။

ပြီးတော့ ဆွန်းအာက သူငယ်ချင်း များသည်။ ဘယ်မြို့မှာမဆို၊ ဘယ်ရပ်ကွက်မှာမဆို ဆွန်းအာ၏ သူငယ်ချင်း ဆိုပြီး အနည်းဆုံး တစ်ယောက်တစ်လေကတော့ ရှိစမြဲ ဖြစ်သည်။

ဒါပေမယ့် အဲဒီအထဲမှာမှ ဆွန်းအာ အချစ်ဆုံး သူငယ်ချင်းက ဒါလ်လယ်။
ဂျင်ဒါလ်လယ်​။
အဲဇယ်လီရာပန်းပွင့်လေး ဟု အဓိပ္ပာယ်ရသော ဂျင်ဒါလ်လယ်။

ဒါလ်လယ်နှင့် ဆွန်းအာတို့က မူလတန်းကျောင်းတက်ကတည်းက ခင်ခဲ့တာ။

Less Ice, More Sugar (Completed)Where stories live. Discover now