Ep - 13

207 38 12
                                    

အိပ်မက်တစ်ခုကို မက်နေရသလိုမျိုး။

အခုထိ အိပ်မက်ထဲကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေရသလိုမျိုး။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

................

[ ဇာတ်လမ်းတစ်ပုဒ်လုံးအား ၂၀၂၀၊ ဒီဇင်ဘာလတွင် အပြီးသတ် ရေးခဲ့ပြီး ဖြစ်ပါသည်။ အပိုင်းများမှာ ယခုကာလတွင် ရေးသားထားသော အပိုင်းများ (လုံးဝ) မဟုတ်ပါကြောင်း။]

.................

" ဟာကွာ။ လန့်လိုက်တာ။ "

အပေါ့အပါး သွားပြီး သန့်စင်ခန်းထဲက ထွက်လာချိန်နှင့်ကွက်တိ သန့်စင်ခန်းအဝမှာ ဒါလ်လယ့်ကို မြင်လိုက်ရတာကြောင့် ဘင်း ပုခုံးနှစ်ဖက်စလုံး ဆတ်ခနဲ တုန်သွားသည်။

ရုပ်ရှင်ရုံထဲ ရောက်နေလို့ မျက်စိလည်ပြီး ယောက်ျားလေးသန့်စင်ခန်းနှင့် မိန်းကလေးသန့်စင်ခန်းများ ရောသွားသလားလို့ ဘင်း မထင်ရဲထင်ရဲ ထင်ကြည့်သေးသည်။ ဒါပေမယ့် ဒါလ်လယ့်လို ကောင်မလေးက အဲဒီလိုအမှားမျိုးတော့ လုပ်မည့်ပုံ မပေါ်။

" နင် ဒီအဝမှာ ဘာလာလုပ်နေတာလဲ။ တခြားကောင်လေးတွေ အထဲမှာ သူတို့ကိစ္စ သူတို့ လုပ်နေကြတယ်။ မမြင်သင့်တာတွေမြင်ကုန်ဦးမယ်။ ဒီဘက်ကို လာ။ "

ဒါလ်လယ့်လက်ကောက်ဝတ်ကို ဘင်း ဖွဖွလေး ဆွဲပြီး ရုပ်ရှင်ပိုစတာဘုတ်တွေရှိရာ အနက်ရောင်နံရံအနီး ဆွဲခေါ်လာမိသည်။

" ရုပ်ရှင် စပြနေပြီကို ဘာလို့ အထဲ မဝင်သေးတာလဲ။ "

" နင့်ကို ဆဲမလို့ စောင့်နေတာ။ "

" ဟမ်။ ငါ နင့်ကို ဘာလုပ်မိလို့လဲ​။ "

ပြူးကြောင်ကြောင် မျက်ဝန်းတွေဖြင့် ဘင်း အလန့်တကြား မေးခွန်း ပြန်ထုတ်မိသည်။
ရုံအတွင်းထဲမှာက ဆွန်းအာရယ်၊ ဂျွန်ရယ်၊ အစ်ကိုဒိုယွန်းရယ် ရှိနေတဲ့အတွက် အခုလို နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြော၍ရအောင် သန့်စင်ခန်းအဝမှာအထိ ဘင်းကို ဒါလ်လယ် တကူးတက လာစောင့်နေတာ ဖြစ်မည် ထင်သည်။ ဒီလို အခြေအနေမျိုးကို အမှန်အတိုင်း ပြောရလျှင် ဘင်း တကယ် သဘောကျပါသည်။

Less Ice, More Sugar (Completed)Where stories live. Discover now