ပစ္စုပ္ပန်ကာလမှာ ငါတို့တွေ အချင်းချင်း မေ့ပျောက်သွားရင်တောင်
အဲဒီ အခိုက်အတန့်တုန်းက ရေးခြစ်ခဲ့တဲ့ ငါတို့ရဲ့ ပုံရိပ်တွေကိုတော့ ဘယ်တော့မှ မမေ့ဖျောက်ပစ်လိုက်ကြေး။
မူရင်း - အင်စတာဂရမ်
ရေးသူ - ယွန်းဂစ်လ်................
ဒီနေ့က ဂျွန် အိမ်ပြောင်းမည့် နေ့။
ပထမနှစ်တစ်လျှောက်လုံး ဆွန်းအာတို့ ဘဝတွေက အဆင်ပြေချောမွေ့လွန်းစွာ ကုန်လွန်ခဲ့ပေမယ့် ဒုတိယနှစ်အစတွင်တော့ လောကကြီးဟာ ဆွန်းအာတို့၏ ပျော်ရွှင်မှုများအား မနာလိုဝန်တိုခဲ့ဟန် ပေါ်သည်။
ပထမစစချင်း ဂျွန် ကိုယ်ဝန် ရသွားသည့် ကိစ္စ။
တစ်လလောက်အကြာမှာတော့ ဘင်း၏ ဆေးမှုပြဿနာ။စုံမြိုင်နေခဲ့သော ဆွန်းအာတို့ သူငယ်ချင်းအဖွဲ့လေးသည် သိသာစွာပင် တစ်နေ့တစ်ခြား လူအယောက်အရေ ပိုပို လျော့နည်းလာသည်။
ကန်တင်းမှာ ထမင်းစားတဲ့အချိန်။
စာကြည့်တိုက် သွားတဲ့အချိန်။
အဆာပြေ မုန့်သွားဝယ်တဲ့ အချိန်။
မြက်ခင်းထက်၌ အနားယူတဲ့ အချိန်။
ငါးယောက်ကနေ လေးယောက်၊ လေးယောက်ကနေ သုံးယောက်၊ တဖြည်းဖြည်းနှင့် နှစ်ယောက်တည်း ကျန်တော့သော နေ့တွေတောင် ရှိလာသည်။စည်ပင်သည့် ရယ်သံတွေ မရှိတော့။
တစ်ချို့နေ့များတွင် ပြုံးချင်စိတ်ပင် မရှိတော့။ဒါလ်လယ်က ကျောင်းမလာနိုင်၍ အခု ရက်ပိုင်းတွေ ဆွန်းအာတစ်ယောက်တည်း အတန်း တက်ရသည်။
စာတွေလည်း တစ်ယောက်တည်း ရှာရသည်။
ဘင်း၏ စနောက်သံတို့ ပျောက်ဆုံးသွားသည်။
ကော်ရစ်ဒါပေါ်၌ လမ်းလျှောက်ရသော နေ့တွေဟာ တစ်စတစ်စ ပိုပြီး အထီးကျန်လာသည်။တကယ်လို့ နမ်ဝူသာ ဘေးမှာ မရှိလျှင် ဆွန်းအာ ဆက်ပြီးတောင် မရပ်တည်နိုင်တော့အောင် ပြိုလဲသွားလောက်မည် ထင်သည်။
" အသစ်ပြောင်းမယ့် အိမ်က နင်တို့အိမ်နဲ့ နီးတယ်။ လာလည်မယ်။ "
ဂျွန်က နားဆွဲလေးတွေ ခရေဇီဖြစ်ပုံ ရသည်။
အရောင်စုံ၊ ဒီဇိုင်းစုံ၊ ဆိုဒ်စုံ နားဆွဲလေးတွေကို လက်ဝတ်ရတနာဗူးလေးတစ်ခုထဲ သေချာ ထည့်ထားပြီး ထိုဗူးအား အိမ်ပြောင်းရွှေ့မည့် အထုတ်အပိုးများထဲ သိမ်းဆည်းရင်းက ဆွန်းအာဘက် လှမ်းကြည့်လျက် ရေရွတ်သည်။
YOU ARE READING
Less Ice, More Sugar (Completed)
RandomIf life is a movie, you guys are the best part. ❤️