Ep - 14

185 37 4
                                    

ငါ့အတွက်တော့ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်က တစ်ခုတည်းပဲ။

ငါ့ ဘေးနားမှာ မင်း ရှိနေတာ။

စာအုပ် - အဆင်ပြေလား မေးတော့ အဆင်ပြေတယ် ပြောရင်း ငိုခဲ့တယ်
ရေးသူ - မနက် သုံးနာရီ

................

[ ဇာတ်လမ်းတစ်ပုဒ်လုံးအား ၂၀၂၀၊ ဒီဇင်ဘာလတွင် အပြီးသတ် ရေးခဲ့ပြီး ဖြစ်ပါသည်။ အပိုင်းများမှာ ယခုကာလတွင် ရေးသားထားသော အပိုင်းများ (လုံးဝ) မဟုတ်ပါကြောင်း။]

.................

" ဘာပြောလိုက်တယ်။ "

" ငါ နင်နဲ့ ဒီနေ့ကစပြီး ဒီမှာ အတူတူ နေမယ်လို့။ "

တစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်မှာ တစ်ယောက်က ရပ်နေနှင့်ပြီးပြီ ဖြစ်ပေမယ့် နှစ်ယောက်စလုံး အခုထိဖုန်းတွေကို နားပေါ်က မဖယ်ခွာရသေးတာမို့ ဘင်းအသံဟာ ရှေ့တည့်တည့်ကနေရော ဖုန်းထဲကနေပါ ပြိုင်တူ ထွက်လာနေသည်။
သရဲတစ်ကောင်ကောင်က ဒါလ်လယ့်ဝိညာဉ်ကို လာထိန်းချုပ်လိုက်သလိုမျိုး ဒါလ်လယ်သည်တော့ အိမ်အဝင်ဝမှာတင် တောင့်ခဲခဲကြီး ရပ်နေမိ၏။

" နင့်ကို အားကျလို့ ငါလည်း အိမ်ပေါ်က ဆင်းလာပြီ။ "

တောင့်ခဲခဲကြီး ရပ်နေရာက ဒါလ်လယ့်မေးရိုးတွေ ပြုတ်ကျတော့မယောင် ပွင့်ဟသွားသည်။ အိမ်ပေါ်က ဆင်းလာဖို့ကို ဒါလ်လယ့်နီးတူပဲ တောင်းဆုဆန္ဒတစ်ခုအနေနှင့် သတ်မှတ်ထားသလားပင် မသိတဲ့ ဘင်းဟာ လင်းလင်းလက်လက်ပင် ပြုံးရယ်လို့ ရှိနေသည်လေ။

" တကယ်ပြောနေတာလား။ "

ဧပြီလ ၁ ရက်နေ့ကို ကျော်လွန်ပြီးတာ နှစ်လခန့်ပင် ကြာနေပြီ ဖြစ်ပေမယ့်လည်း ဒါလ်လယ် မယုံမရဲ မေးရ၏။ ဘင်းမျက်ဝန်းထဲမှာတော့ လိမ်ညာနေတဲ့အရိပ်အယောင်မျိုးတွေ မတွေ့ရတာ အမှန်ပါပဲ။

" အေး။ "

အိမ်ခန်းထဲ ဘင်း အတည်ပေါက် ခြေလှမ်းလာမှ နားမှာ ကပ်ထားသည့် ဖုန်းကို ဆွဲခွာဖို့ ဒါလ်လယ် သတိပြန်ရသည်။ ဘင်းမှာက ကျောပိုးအိတ်တစ်လုံးပဲ ပါသည်။ ဘာခရီးဆောင်အိတ်မှ မပါ။ လက်ထဲမှာတော့ ကားသော့နှင့် ဖုန်းတစ်လုံး ကိုင်ထား၏။

Less Ice, More Sugar (Completed)Where stories live. Discover now