Ep - 28

169 32 9
                                    

စွန့်မပစ်နိုင်တဲ့ အတိတ်ဆိုးတွေ များပြားလွန်းတဲ့ ညတစ်ည။

တစ်ရေးလောက် အိပ်ပြီး နိုးလာရင် လက်ရှိ ပစ္စုပ္ပန်နေ့ရက်တွေက အဆင်ပြေပြေ ရှိနေမလား ဆိုတာလည်း အခုထိ မဝေကွဲသေးဘူး။

စာအုပ် - လမင်းတစ်စင်း၏ ဖွင့်ဟဝန်ခံခြင်း
ရေးသူ - အန်ဆန်းဟျွန်း

................

ခွဲစိတ်နေဆဲ ဆိုသည့် စာတန်းက ခွဲစိတ်ခန်း တံခါးဘောင်အပေါ်မှ နံရံတွင် ကုပ်တွယ်နေသည်။

တည်ငြိမ်အောင် ထိန်းထား၍ မရသော တုန်ယင်ယင် လက်ချောင်းများအား အချင်းချင်း ယှက်နွယ်ရင်း ဘင်း အသက်ကို ရသလို ထိန်းရှူနေပေမယ့် မွန်းကြပ်မှုဝေဒနာဟာ သက်သာမလာ။

အဖေနှင့်အမေ ယာဉ်တိုက်မှု ဖြစ်သည် ဟူသည့် သတင်းကို ကြားကြားချင်း ကျောင်းကနေ ဆေးရုံဆီ ဘင်း တန်းပြေးလာခဲ့ရတာမို့ ကျောင်းယူနီဖောင်းသည်ပင် ဘင်းခန္ဓာကိုယ်ပေါ်မှ လွင့်စင်မသွားသေးသော အခြေအနေ။ ရှပ်ပေါ်က နက်ကတိုင်ကတော့ ဘင်း ကတုန်ကယင်ဖြင့် ဆောင့်ဆွဲထားခြင်းကြောင့် တစ်ဝက်တိတိ ကပိုကရို လျော့ရဲနေပြီ ဖြစ်သည်။

ယာဉ်တစ်စင်းတည်းအတွင်း အဖေနှင့်အမေ အတူ စီးနင်းခဲ့သော်လည်း သွေးထွက်လွန်ကာ သတိလစ်မေ့မျောလျက် ခွဲစိတ်ခန်းထဲ ရောက်သွားသူက အမေတစ်ယောက်တည်းသာ။
အဖေက အခု ဘင်းနှင့်အတူ ခွဲစိတ်ခန်းအပြင်ဘက်မှ ခုံတန်းတွင် ထိုင်လျက်သား ရှိနေပြီး အဖေ့ လက်ဖျန်နှင့် ပါးတစ်ခြမ်း၌သာ အသေးအမွှားဒဏ်ရာ အနည်းငယ် ငြိတွယ်နေသည်။

၃ နာရီနီးပါး ကြာမြင့်ပြီးသည်အထိ 'ခွဲစိတ်နေဆဲ' စကားလုံးဟာ ပြောင်းလဲသွားခြင်း မရှိတဲ့အတွက် ဘင်း တစ်ကိုယ်လုံး ထိတ်လန့်မှုကြောင့် ပို အေးစက်လာသည်။

ဘင်းနှင့်အဖေက မျက်နှာချင်းဆိုင်အနေအထားအရ ထိုင်နေတာ ဖြစ်လို့ အဖေ့ကို ဘင်း မြင်နေရသည်။ အဖေဟာ မျက်လုံးသေများနှင့် အရှေ့တည့်တည့်ကို ငူငိုင်စွာ ငေးနေသည်။
ဘင်းကို ဘာစကားတစ်ခွန်းမှ မပြော။
ဘင်းလည်ချောင်းထဲကနေလည်း စကားလုံးတစ်လုံးမှ လွတ်မြောက်ထွက်မလာ။
အချင်းချင်း ချိတ်တွယ်ထားသော လက်ချောင်းတွေကိုသာ တစ်ခဏခန့် ဖယ်ခွာရင်း စီးကျလာသည့် မျက်ရည်များကို လက်တစ်ဖက်နှင့် သုတ်ဖယ်မိသည်။ ထို့နောက် တုန်ရီနေသော ထို လက်တစ်ဖက်ဖြင့် အမေ ပေးထားသည့် အဝါနှင့်အညို ကျစ်ကြိုးလက်ကောက်ကလေးကို ဘင်း ဆုပ်ကိုင်မိသည်။

Less Ice, More Sugar (Completed)Where stories live. Discover now