Ep - 08

215 43 8
                                    

ဆုတောင်း ဆိုတာ

မဖြစ်နိုင်တဲ့အရာတွေအတွက် ခြွေချမိတဲ့ စကားသံသက်သက် မဟုတ်လား။

အဲ့ဒါကြောင့်လည်း

ငါ့ဆုတောင်းတိုင်းမှာ မင်းက အမြဲ ရှိနေတာဖြစ်မှာ။

စာအုပ် - မင်းသာ အလင်းရောင်လေးဆိုရင်
ရေးသူ - ဘတ်ဂါဟီး

..................

ဒီနေ့က သောကြာနေ့ ဖြစ်ပြီး မေဂျာစုံ ဘတ်စကတ်ဘောပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်လ်ပွဲနေ့လည်း ဖြစ်သည်။ ဒီနေ့အတွက် ကစားဖို့ကတော့ သင်္ချာနှင့် ရူပဗေဒ၊ စက်မှုသိပ္ပံနှင့် စီးပွားရေးမေဂျာ၊ ၄ သင်းပဲ ကျန်ပါတော့သည်။

ဆွန်းအာ လွန်ခဲ့တဲ့ရက်တွေက အမေတို့နှင့်အတူ ခရီးလိုက်သွားနေတာကြောင့် ဒီနေ့မှပဲ အတန်းတွေ သေချာ ပြန်စတက်ဖြစ်တာပါ။ ဒါတောင် ဒါလ်လယ်ရော ဘင်းနှင့်ပါ အခုထိ မတွေ့ရသေး။ ဘတ်စကတ်ဘောပွဲ တူတူကြည့်ဖို့ ဖုန်းလှမ်းခေါ်ပေမယ့် နှစ်ယောက်စလုံးက အတန်းချိန်တွေနှင့် မလွတ်ဘူး ဆိုကာ ပြိုင်တူ ငြင်းကြသည်။

နမ်ဝူက သောကြာနေ့ ရောက်လျှင် ဒီပွဲကို သေချာပေါက် လာကြည့်ဖို့ စာသင်ခန်းထဲအထိ ကိုယ်တိုင်ကိုယ်ကျ လာဖိတ်သွားလို့သာ ဆွန်းအာ ဒီ ခန်းမထဲ အရဲစွန့်ပြီး အခြေချပေးရတာ။ သူငယ်ချင်းတွေ မပါဘဲ တစ်ယောက်တည်းဆိုတော့ အထီးကတော့ ကျန်သည်။

ဒိုင်၏ ဝီစီမှုတ်သံကို ကြားသည်။

သင်္ချာမေဂျာနှင့် ရူပဗေဒမေဂျာတို့ ပြိုင်ပွဲက အရင်ဆုံး စမှာ ဖြစ်လို့ နှစ်ဖက်အသင်းက အသင်းသားတွေ ကွင်းထဲ ဝင်လာနေပြီ။

ပွဲမစခင် တစ်ဖြတ်ကလေးမှာ နမ်ဝူက ပွဲကြည့်ပရိသတ်ခုံတန်းတွေပေါ်ကို မျက်လုံးလှန်ကြည့်လာသည်။ သူ့အကြည့်တွေဟာ ဆွန်းအာဆီ မရောက်လိုက်ခင် အလယ်နေရာမှာ တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပြီးနောက် ကစားကွင်းထဲသို့သာ သေချာ အာရုံပြန်စိုက်လိုက်တာ တွေ့သည်။

ဒီနေ့ နမ်ဝူက အရှေ့ဆံပင်တွေကို ဆွဲသားခေါင်းပတ်တစ်ခုဖြင့် လှန်တင်ထားတာမို့ ခါတိုင်းနေ့တွေနှင့် မတူဘဲ မျက်နှာက ပိုရှင်းပြီး ပိုလင်းနေသလို ထင်ရ၏။ ပြီးတော့ ဒီလိုပုံစံအသစ်က နမ်ဝူ့ကို ပိုပြီး ကြည့်ကောင်းနေစေတာလည်း အမှန်ပါပဲ။

Less Ice, More Sugar (Completed)Where stories live. Discover now