Ep - 03

258 43 24
                                    

မင်း ဆိုတဲ့ စကားလုံးရဲ့ အဆုံးမှာ

ပြီးဆုံးသွားကြောင်းကို သက်သေပြတဲ့ ပုဒ်မတစ်ခု ဘယ်တော့မှ ရှိမလာရင် သိပ် ကောင်းမှာပဲ။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

.................

" ဘာဘယ်လ်တီး တစ်ခွက်ရယ်၊ ပြီးတော့... "

အလိုက်တသိ အနောက် လှည့်ကြည့်တော့ အလယ်ကျကျ စားပွဲ၌ ထိုင်နေသော ဒါလ်လယ်က "နှစ်ခွက်​၊ နှစ်ခွက်" ဆိုသည့် ဟန်ဖြင့် လက်နှစ်ချောင်း ထောင်ပြသည်။
ဒါလ်လယ့်ဘေးတွင် ရှိသော အီဘင်းကလည်း မျက်လုံးနှစ်ဖက်စလုံးပင် ပိတ်မတတ် စပ်ဖြီးဖြီး ပြုံးရင်း လက်ညှိုး၊ လက်မနှင့် အသည်းပုံတစ်ခု ဖော်ပြနေလျက် ရှိ၏။

ဆွန်းအာမေမေက လွန်ခဲ့တဲ့ အပတ်က ကျောင်းအုပ်ရာထူး တိုးသွားတာကြောင့် ထို ဂုဏ်ပြုစရာကိစ္စအပေါ် နင်းခြေရင်း ဆွန်းအာ ပိုက်ဆံအိတ်ကို ပြားကပ်အောင် လုပ်ဖို့ စီစဉ်ထားသည့် အချစ်ဆုံးသူငယ်ချင်းလေး နှစ်ယောက်။

ကျောင်းမှာ အခု ကော်ဖီ ဝယ်တိုက်ရမည်၊ ကျောင်းဆင်းတဲ့အခါ အီထယ်ဝမ် သွားကာ အမဲသားပါတီ ဆက်လက် ကျင်းပမည် ဘာညာဘာညာနှင့် အရာအားလုံးကို သူတို့နှစ်ဦးပဲ အတွဲညီညီ စီစဉ်နေတာ။ စီစဉ်ထားသမျှအရာအားလုံးအတွက်ကိုတော့ ဆွန်းအာကပဲ ဒကာခံပါပေါ့။

ဒါလ်လယ်တို့ မဟုတ်ဘဲ ဒီ အအေးဆိုင်အတွင်း ခိုကပ်နေသော နောက်ထပ် တည်ရှိမှုတစ်ခုကိုလည်း ဆွန်းအာ သတိမထားဘဲ မနေနိုင်ပြန်ပါ။

ဆံပင်ခရမ်းရင့်ရောင်တွေနှင့် ဟိုကောင်လေးလေ။

ကျောင်းလာတိုင်း အနက်ရောင်ဆိုင်ကယ်ကြီးကို ခပ်မိုက်မိုက် မောင်းပြီး လာတတ်တဲ့ ကောင်လေး။ နမ်ဝူ။

ဒီနေ့တော့ သူက တစ်ယောက်တည်း မဟုတ်။ သူ့သူငယ်ချင်းအဖွဲ့နှင့် အတူတူ။
သူတို့လည်း အတန်းချိန် ခဏ နားတုန်း ဒီဆိုင်မှာ အအေး လာသောက်တာ ဖြစ်မည်။

ဘေးက သူ့သူငယ်ချင်း လှမ်းပြနေသည့် စာအုပ်ထဲ ငုံ့ကြည့်နေတာမို့ ဘေးပတ်ဝန်းကျင်ကို သူ သတိ သိပ်မထားမိလောက်ဘူး ဟု ယုံကာ ဆွန်းအာ သူ့ကို ခိုးငေးနေမိသည်။ သို့ပေမယ့် သူခိုးလူမိ ဆိုသလိုပဲ စာအုပ်ထဲ ရောက်နေသော သူ့မျက်ဝန်းလင်းလင်းတွေဟာ ကောင်တာအရှေ့က ဆွန်းအာဆီ ဖျတ်ခနဲ ဝဲပျံလာသည်။

Less Ice, More Sugar (Completed)Where stories live. Discover now