Ep - 15

186 34 8
                                    

အဲဒီအခိုက်အတန့်တွေတုန်းက

ဧကန္တ

မင်းရဲ့စိတ်ကို မင်းကိုယ်တိုင်ထက်တောင် ပိုပြီး ငါက သိချင် သိနေခဲ့လောက်မလားပဲ။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

.................

လောကမှာ ကပ်တွယ်နေသမျှ ဘယ်အရာမဆို ကျက်သရေ မရှိဘူး ဟူသော စိတ်ဖြင့် ရှင်သန်လာခဲ့သည့် ဂျွန့်အတွက်တော့ ဒီတစ်နှစ်ဟာ အပြောင်းအလဲ များတဲ့ နှစ်တစ်နှစ် ဟု ဆိုရမလားပင် မသိ။ ဘယ်အချိန်မှာ ဂျွန် ကိုယ့်ကိုယ်ကိုယ် ထူးဆန်းနေပြီ ဟု စတင် ခံစားမိသလဲ ဆိုရင် မနှစ်က စာမေးပွဲ ကျခဲ့သည်ကို ကံကောင်းမှုတစ်ခုပါလားဟု အမှတ်တမဲ့ တွေးတောမိသွားချိန်တွင် ဖြစ်လိမ့်မည် ထင်သည်။

ယုံနိုင်စရာမကောင်းသော်လည်း ပထမဆုံးအကြိမ်အဖြစ် ဂျွန့်ဘဝက ဘဝတစ်ခုနှင့် တူလာသည်။

ဂျွန် ဘာပြောပြော စိတ်ဝင်တစား နားထောင်ပေးမည့် လူတွေ ရှိလာသလို အတင်းအကြပ် ဖမ်းချုပ်ထားခြင်း မဟုတ်ပါဘဲ ထိုလူတွေက ဂျွန့်ဘေးနားမှာ သူတို့သဘောနှင့်သူတို့ နေထိုင်ပေးကြသည်။

ထိုလူတွေကြောင့်ပဲ အံ့ဩစရာဖြစ်ရပ်ဆန်းတစ်ခုကဲ့သို့ ဂျွန် မကြာခဏ ပြုံးနေမိသည်။ ဒါကြောင့် လူသားတွေရဲ့ဘဝမှာ သူငယ်ချင်း ဆိုသော ဖြစ်တည်မှုဟာ မရှိမဖြစ် လိုအပ်နေတာ ဖြစ်လိမ့်မလား။

သိပ်မကြာခင်အချိန်အတွင်း ဂျွန်တို့ ဒုတိယနှစ်ဝက် စာမေးပွဲ ဖြေရတော့မည်။ ဒုတိယအကြိမ် ဖြေဆိုရမည့် နှစ်ဝက် စာမေးပွဲနှစ်ခုလုံး၏ အမှတ်တွေကိုတော့ ဂျွန် စုတ်ပြတ်နေအောင် မဖျက်ဆီးပစ်လောက်တော့ဘူးလို့ ယုံထားမိတာပါပဲ။ ပထမအကြိမ် စာမေးပွဲကျရတာ ကံဆိုးခြင်း မဟုတ်ဘဲ ကံကောင်းခြင်း ဆိုပေမယ့် ဒုတိယအကြိမ် စာမေးပွဲ ထပ်ကျခဲ့လျှင်တော့ အဲ့ဒါဟာ ဂျွန့်ရဲ့ အသုံးမကျခြင်း ဖြစ်သွားမှာ ဂျွန် နားလည်ပါသည်။

" ဟိတ်။ ရည်းစားဟောင်းလေး။ "

ပြိုင်ကားတစ်စီး၏ အားပြင်းပြင်း အင်ဂျင်သံက မသတီစရာကောင်းသော ခေါ်သံတစ်သံနှင့်အတူ ရောယှက်ပြီး ဘေးကနေ ထွက်ပေါ်လာသည်။ ဂျွန့်ခြေလှမ်းတွေ အလိုအလျောက် တုံ့ခနဲ။

Less Ice, More Sugar (Completed)Where stories live. Discover now