လူတစ်ယောက် ရှိတယ်။
အဲဒီလူရဲ့ မျက်နှာကို တစ်ခါလောက် မြင်လိုက်ရရင် စိတ်သက်သာရာ ရသွားမယ်လို့ ထင်နေရင်းကမှ
တစ်ချိန်တည်းမှာပဲ အဲဒီလူနဲ့ ပတ်သက်သမျှ အရာအားလုံးကို မေ့ဖျောက်ချင်နေမိတာ။အတွေးထဲ သူ ရောက်လာရုံနဲ့ နာကျင်မှုတွေပါ အတူတူ ရောက်လာအောင် ဖန်တီးတတ်တဲ့ လူ။
ဒါပေမယ့်လည်း စွန့်လွှတ်ပစ်လိုက်ဖို့ရာကျ
နှမြောစရာ ကောင်းလွန်းတဲ့ အဲဒီလို လူ။
စာအုပ် - အခိုက်အတန့်တိုင်းဟာ မင်းပဲ ဖြစ်ခဲ့တယ်
ရေးသူ - ဟာထယ်ဝန်...................
" ငါ့ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး သရဲ မြင်ဖူးတာပဲ။ ဒီမှာကြည့်။ ခုထိတောင် ကြက်သီးတွေ မပျောက်သေးဘူး။ "
" တကယ်ကြီး မိန်းမနဲ့ယောက်ျားနှစ်ယောက်ကို တွေ့တာလား။ ကုတင်ပေါ်မှာ။ "
" အေး။ နောက်ကျောပဲ တွေ့လိုက်လို့တော်သေးတယ်။ မျက်နှာပါ မြင်ရရင် ငါ သတိလစ်လဲမှာ။ "
" ငါ ကြားဖူးတာတော့ ရှိတယ်။ သရဲတွေက ရုပ်အတိအကျ မရှိဘူးတဲ့။ ကိုယ်လုံးတော့ ဝေဝေဝါးဝါး ရှိပေမယ့် မျက်နှာနေရာမှာဆို ဖြူဖြူကြီး ဖြစ်နေတာတဲ့။ "
" ဟဲ့။ တော်ပါတော့။ ကြောက်လိုက်တာ။ "
မနက် တစ်နာရီမှာ ဂျွန့် အခန်းထဲ လူ စုံနေသည်။
တစ်အိမ်လုံး ကြားအောင် အသံပြဲတွေနှင့် အော်ဟစ်ကြတာမို့ ခေါင်းအုံးဖြင့် ဆက်နွယ်ရမည့် ဂျွန့်အိပ်ချင်စိတ်ကလေးဟာ ယူပစ်သလိုပင် တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့သည်။ဂျွန်က အခု ကုတင်ပေါ် ထိုင်နေတာ ဖြစ်သည်။
ကုတင်အောက်က ကြမ်းပြင်ထက်တွင်တော့ ကျန်လေးယောက်။
ဆွန်းအာရယ်၊ ဘင်းရယ်၊ ဒါလ်လယ်ရယ်က တစ်ယောက်ကြက်သီးတွေကိုတစ်ယောက် အသိအမှတ်ပြုရင်း ပေါက်ပေါက်ဖောက်နေပြီး နမ်ဝူကတော့ သူတို့သုံးယောက်ဘေး၌ ထိုင်ငိုက်နေသည်။" နင် ဈေးပေါတဲ့အိမ် ရှာလိုက်တာမလား ဘင်း။ "
ဒါလ်လယ်က စိတ်တိုစွာ စွပ်စွဲသည်။
YOU ARE READING
Less Ice, More Sugar (Completed)
RandomIf life is a movie, you guys are the best part. ❤️