Ep - 30

161 28 7
                                    

အမြင် ကျယ်ပြန့်တဲ့ လူတစ်ယောက်ထက်
နှလုံးသား ကျယ်ပြန်တဲ့ လူတစ်ယောက်ကို
ပိုပြီး သဘောကျတယ်။

'ကြွေကျသွားတဲ့ ကြယ်ပွင့်လေးတွေက လှလိုက်တာ' လို့ ပြောမယ့် လူတစ်ယောက်ထက်

'ကြယ်တွေ ကြွေချိန်မှာ အတူ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်' လို့ ပြောပေးမယ့် လူတစ်ယောက်။

အဲဒီလိုလူကို ပိုပြီး သဘောကျတယ်။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

.....................

ဒီ အားဆေးဘူးကို တံခါးဝတွင် ဒီအတိုင်း ချထားခဲ့ရမလား၊ အိမ်တံခါးဘဲလ်ကို တီးပြီး မျက်နှာ တစ်အောင့် ပြလိုက်လျှင် ကောင်းမလား ဟု ဒါလ်လယ် ဝေခွဲမရ ဖြစ်နေမိသည်။

အိမ်ပြန်မရောက်တာ နှစ်နှစ် ပြည့်တော့မည် ဖြစ်သည်။ သို့သော် အစ်မဆီက တစ်ခါနှစ်ခါ ရောက်လာသော ဆက်သွယ်မှုများမှလွဲ၍ အဖေနှင့်အမေသည်တော့ ဒါလ်လယ့်ကို အမှန်တကယ်ပင် ရှင်ခန်းဖြတ်လိုက်ဟန် တူသည်။
ဒီနေ့က မိဘများနေ့မို့၊ ဘယ်လောက်ပဲ ရှင်ခန်းဖြတ် ခံထားရပါစေ၊ ဒါလ်လယ် ဘယ်လိုမှ ဥပေက္ခာ မပြုနိုင်။ တံခါးဘဲလ် တီးနေလည်း အပိုပဲ ဟု လက်ခံပြီးနောက်မှာ အားဆေးဘူးအား တံခါးရှေ့ကြမ်းပေါ်၌ အသံတိတ် အခြေချစေခဲ့ကာ ခြေလှမ်းတွေကို အိမ်တံခါးနှင့် ဆန့်ကျင်ဘက်အဝေးသို့ ဒါလ်လယ် ပြန်လည်ရွေ့လျှားခဲ့မိသည်။

ဒါလ်လယ် အိမ်ကို ပြန်လာဖြစ်တော့မှာ မဟုတ်။

အဖေနှင့်အမေ၏ အဝေးမှာ နေရင်း ဒါလ်လယ့်ဘဝတွင် တစ်ကြိမ်တစ်ခါမှ မကြုံဆုံခဲ့ဖူးသည့် တခမ်းတနား လွတ်လပ်မှုမျိုးကို အပိုင်ရခဲ့သည်။ အဲ့ဒါမို့ သေချာတာက အကျဉ်းထောင်သဖွယ် လှောင်ပိတ်သော အမေတို့အိမ်ကို ဒါလ်လယ် တစ်သက်လုံး ပြန်လာဖြစ်တော့မှာ မဟုတ်။

သို့ပေမယ့် ဒါလ်လယ်ဟာ ယခုထိတိုင် အမေတို့၏ သမီးလေး ဖြစ်နေသေးကြောင်း ဒီ အားဆေးဘူးတစ်ဘူးက သက်သေပြပေးနိုင်နေဖို့ကိုတော့ မျှော်လင့်မိပါသည်။

" ပေးပြီးသွားပြီလား။ မြန်လိုက်တာ။ ငါက နည်းနည်း ကြာမယ် ထင်လို့ ကော်ဖီဆိုင်တောင် သွားထိုင်မလို့ ပြင်နေတာ။ "

Less Ice, More Sugar (Completed)Where stories live. Discover now