Ep - 26

163 31 15
                                    

အတူ ရှိနေချိန်တွေ များလာတာဟာ

အတူ ထပ် ရှိခွင့် ရမယ့် အချိန်တွေ တဖြည်းဖြည်း လျော့နည်းသွားတာပါတဲ့။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

..................

ဒစ်စကို မီးလုံးဆီမှ လျှံထွက်လာသော အလင်းစက်​ရောင်စုံတို့ဟာ ကာရာအိုကေခန်းအတွင်းရှိ အရာဝတ္ထုတိုင်းအပေါ် ပျံဝဲသက်ရောက်နေသည်။

မျက်စိရှေ့မှာက သီချင်းစာသားတွေ ပြေးလွှားနေသည့် တီဗီတစ်လုံး။

ဘီယာအချို့ တင်ထားသော စားပွဲထက်တွင်တော့ မိုက်ကရိုဖုန်း အပို နှစ်လုံးနှင့် သီချင်းစာအုပ်တစ်အုပ်၊ သီချင်းနံပါတ်ရွေးသည့် ကွန်ထရိုးတစ်ခု ရှိနေသည်။

ဤ အလုံပိတ်အခန်းတစ်ခန်းလုံးကို ဖုံးလွှမ်းထားသည်က ကျယ်လောင်သော သီချင်းသံ။ တိတိကျကျ ပြောရလျှင် မိုက်ကရိုဖုန်းတစ်လုံးအား နှုတ်ခမ်းဝ၌ တေ့ကာ ကမ္ဘာမပျက်မချင်း ဖျက်နေသည့် ဘင်း၏ သီချင်းဆိုသံပင်။

ဘင်း လည်ချောင်းကွဲမတတ် သီဆိုဟစ်ကြွေးနေသော သီချင်းတိုင်းတွင် "တောင်းပန်ပါတယ်" ဟူသည့် စာသား ပါသည်။ ခရစ်စမတ်နေ့က ပေါ်ပေါက်ခဲ့သော ဟို ကတောက်ကဆအတွက် အခုထိ အပြစ်ကြွေးတွေ ဆပ်ချင်နေတုန်း ထင်သည်။

တကယ်တော့ အဲဒီနေ့က ဆွန်းအာလည်း မှားခဲ့တာ ဝန်ခံပါသည်။ ဘင်းကို ဆွန်းအာ အဲဒီလောက်ထိ ဒေါသ မထွက်ခဲ့သင့်။
အစွပ်စွဲခံရသည့် ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်ဖို့အထိ နမ်ဝူက စဉ်းစားခဲ့သည် ဟု ဆိုဖူး၍ ဘင်း စကား ကြားပြီး တစ်ခါပြန် စိတ်ဒဏ်ရာ ရသွားမှာ စိုးတာကြောင့် ဆွန်းအာကိုယ်တိုင်ပင် မသိလိုက်ဘဲ ဘင်းကို အော်မိတာ ဖြစ်သည်။ ထွက်သွား ဆိုကာ အော်လိုက်ပြီးပြီးချင်း ဘင်းက အိမ်ထဲကနေ တကယ် ထွက်သွားကာမှ ဆွန်းအာ နောင်တ ရရကောင်းမှန်း သိသည်။
တကယ်တော့ ဘင်း ဒီလို တောင်းပန်ဖို့တောင် မလို။ ဘင်း ဒီလို မတောင်းပန်လည်း အဲဒီနေ့ကတည်းက ဆွန်းအာဟာ ဘင်းကို ခွင့်လွှတ်ပြီးသား ဖြစ်သည်။

Less Ice, More Sugar (Completed)Where stories live. Discover now