Extra - 4 (Bin x Dalrae)

271 31 13
                                    

လောကမှာ ကျေးဇူးတင်တယ် ဆိုတဲ့ စကားလေးကို တီထွင်ခဲ့လို့ ဘယ်လောက်တောင် ကံကောင်းသလဲ။

ငါ့ဆီ ရောက်လာခဲ့လို့ ကျေးဇူးတင်တယ်။
ငါ့ကို ချစ်နေပေးလို့ ကျေးဇူးတင်တယ်။
ငါ့အပေါ် ဂရုတစိုက် ရှိလို့ ကျေးဇူးတင်တယ်။
ဘယ်အချိန်ဖြစ်ဖြစ် ငါက မင်းရဲ့အပိုင် ဖြစ်နေမှာပဲ ဆိုတဲ့ ယုံကြည်မှုတွေကို ပေးလို့ ကျေးဇူးတင်တယ်။

မင်းက ငါ့ဘဝရဲ့ အချစ်ရဆုံး။

ပြီးတော့ မင်းက ငါ တစ်သက်လုံး တဖွဖွ ရွတ်ဆိုနေရမယ့် ကျေးဇူးတင်မှုတွေပါပဲ။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

...................

" လှလိုက်တာ ငါတို့ ဒါလ်လယ်လေး။ ဘေးမှာရှိတဲ့လူတွေတောင် အကုန် အရောင် မှိန်သွားပြီ။ လုံးဝ နတ်သမီးလေးပဲ။ နတ်သမီးလေး။ "

ဘင်း၏ ရွှန်းရွှန်းဝေနေသော အကဲပိုမှုကြောင့် ကိုယ်ရောင်ကိုယ်ဝါ မတောက်ပကြရှာသည့် နံဘေးမှ လူသားတွေသည်တော့ အမြင်ကတ်ပုဒ်မနှင့် ဝေါ့ခနဲ အော့အန်သူက အန်၊ ဘင်းနောက်စေ့ကို ဖောင်းခနဲ ပိတ်ဆော်သူက ဆော်ဖြင့် နှစ်သက်ရာ လမ်းစဉ်ကို ရွေးချယ်ကြသည်။

နောက်စေ့ကို ပိတ်ဆော်ခံရလည်း ဘင်း မနာနိုင်။ ဟန်လုပ်ပြီး အန်နေသူတို့ကိုလည်း အဖက်မလုပ်ဖြစ်။ ဘွဲ့ဝတ်စုံရှည် အနက်ရောင်နှင့်အတူ လေးထောင့် ဘွဲ့ဦးထုပ်အောက်မှ ဒါလ်လယ်၏ အညိုရောင် ဆံနွယ်အကောက်အခွေများထံတွင်သာ ပျားရည် တတောက်တောက် ယိုဖိတ်နေသော ဘင်းမျက်လုံးတစ်စုံက အချိန်အကြာကြီး တည်မြဲနေသည်။

" ဒါလ်လယ်။ သိလား။ နင် ဒီဆံပင်ပုံစံနဲ့ တကယ် လိုက်တာကွာ။ နင် ဆံပင်တွေ ဖြောင့်ပြီး အမည်း ဆိုးလိုက်ကတည်းက ငါ နင့်ကို ဒီလို အရင် ပုံစံလေးနဲ့ တစ်ခေါက်လောက် ပြန်မြင်ချင်နေတာ။ "

ဘင်းမှာ ပါးစပ်ကလည်း ပြော၊ လက်ကလည်း တဖျတ်ဖျတ်နှင့် ဓာတ်ပုံရိုက် မပျက်။ ဘင်းစကားကို ရာနှုန်းပြည့် ထောက်ခံသကဲ့သို့ ခေါင်းတဆတ်ဆတ် ငြိမ့်နေသည့် ဆွန်းအာက ဒါလ်လယ့်ဘေး လှစ်ခနဲ တိုးသွားပြီး ဒါလ်လယ့်လက်မောင်းကို လှမ်းချိတ်သည်။ ဆွန်းအာကိုယ်ပေါ်မှာလည်း ဒါလ်လယ်နှင့်ဆင်တူ ဘွဲ့ဝတ်စုံတစ်ထည် ကပ်တွယ်နေသည်။

Less Ice, More Sugar (Completed)Unde poveștirile trăiesc. Descoperă acum