တစ်ခု သေချာတာက
ငါဟာ အခုအချိန်မှာ မင်းကို အလိုအပ်ဆုံး ဖြစ်နေပြီး
အနာဂတ်နေ့တွေမှာလည်း အဲဒီအတိုင်း တစ်ထပ်တည်း ဆက်ပြီး ခံစားနေရဦးမယ် ဆိုတာပါပဲ။
စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ................
ဂျွန်က ငြိမ်နေသည်။
ပြောစရာ ရှိသည် ဆိုကာ သူငယ်ချင်းအားလုံးကို စားသောက်ဆိုင်တစ်ဆိုင်၌ စုခေါ်ထားပြီး၊ အားလုံးလည်း တကယ်တမ်း ရောက်လာရော ဘာတစ်ခွန်းမှ မပြောဘဲ ဂျွန်က ငြိမ်နေသည်။
အအေးကို ပိုက်ကနေ စုပ်သောက်နေသည့် နမ်ဝူက နံဘေးမှ ဆွန်းအာဆီ စောင်းလှည့်ကြည့်ရင်း ဘာအခြေအနေကြီးလဲဟု မေးသလိုနှင့် မသိမသာ မျက်ခုံးတွန့်ပြသည်။
ဘာအခြေအနေကြီးမှန်း ကိုယ်တိုင် နားမလည်သော ဆွန်းအာက ဒါလ်လယ့်အား တစ်ဆင့် လှမ်းကြည့်သည်။
အူတိအူကြောင် နိုင်နေသည့် ဒါလ်လယ့် မျက်ဝန်းတစ်စုံဟာလည်း နောက်ဆုံး ဦးတည်ရာ ဖြစ်သော ဘင်း၏ မျက်ဝန်းထဲသာ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ခက်တာက ဘင်းကိုယ်တိုင်လည်း ဒီ အခြေအနေက ဘာကြီးမှန်း မသိ။
" ပြောမယ် ဆိုတဲ့ဟာ ပြောလေ။ အားလုံး နားကို ကျယ်ကျယ် ဖွင့်ထားပြီး နားထောင်နေတယ်။ "
မနေနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ဘင်းက စလို့ ဖြိုခွင်းပေးလိုက်သည်။
ဘင်း အသံကို ကြားမှ ဂျွန်က လက်တွေ့ဘဝထဲ ပြန်လည် ပြုတ်ကျလာသူတစ်ဦးကဲ့သို့ အသိစိတ် ကပ်လာသယောင် ရှိသည်။ မျက်တောင်တွေကို တဖျတ်ဖျတ် ခတ်ပြီး ရေတစ်ငုံ မော့သောက်သည်။ ထို့နောက် သတ္တိမွေးသလိုဖြင့် ချောင်းလည်း တစ်ချက် ဟန့်လိုက်သေးတာ ကြားသည်။
" အဲဒီတော့ ငါ ပြောစရာရှိတယ် ဆိုတာက ... "
ဘင်း ပြောခဲ့တဲ့အတိုင်း အားလုံးက နားကို ကျယ်ကျယ် ဖွင့်ထားကာ ဂျွန့် နောက်ဆက်တွဲစကားအား အာရုံစိုက်ကာ နားထောင်နေကြသည်။ သို့သော် ဂျွန်ဟာ ပြောလက်စကို တိခနဲ ရပ်တန့်လိုက်သည်။
YOU ARE READING
Less Ice, More Sugar (Completed)
RandomIf life is a movie, you guys are the best part. ❤️