Ep - 24

172 30 9
                                    

တစ်နေ့နေ့မှာ ငါ မင်းကို မတော်တဆ စွန့်ပစ်ထားခဲ့မိရင်တောင်

ငါ လျှောက်လက်စ ဒီလမ်းရဲ့ အဆုံးတစ်ဖက်မှာ
ငါ့အလာကို ပြန်စောင့်ဆိုင်းပေးနေမယ့် မင်း ရှိနေဖို့။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

.................

ဖိတ်စာထဲတွင် ပါသည့် ဆရာ့ မင်္ဂလာရက်စွဲဟာ မနက်ဖြန်။

မနက်ဖြန်တော့ ဆရာ့ခေါင်းထဲ တစ်သက်လုံး စွဲထင်ကျန်သွားစေမည့် ကြီးကြီးမားမား ပြဿနာတစ်ခုကို ရှာပစ်လိုက်ဖို့ ဂျွန် သံဓိဋ္ဌာန် ချထားသည်။ ဒါပေမယ့် စိတ်၏အလိုအား ခန္ဓာကိုယ်က လိုက်ဖို့ ခက်သည်​။

မနေ့ကတည်းက ဂျွန် ဖျားနေသည်။ ကိုယ်အပူချိန်ဟာ ဒီနေ့အထိ နည်းနည်းလေးမှ မကျ။

သို့သော် ဂျွန်က ဖျားနာနေလျှင် အိပ်ရာထဲ ကွေးခွေနေတတ်သည့် လူမျိုး မဟုတ်တာမို့ သာမန်လူတစ်ယောက်အတိုင်း တက္ကသိုလ် အသွားအပြန် ပုံမှန်လုပ်သည်။

အပြင်လေနှင့် ထိ၍ ဂျွန့်အာခေါင်တွေ ပိုခြောက်လာသည်။ ကိုယ်တွင်းအပူချိန်လည်း ပိုတက်လာသလို ခံစားရသည်။ ဒီလိုအခြေအနေကြောင့် မနက်ဖြန်ပွဲကို အလွတ်မခံနိုင်။
အဆောင်ရှေ့မှ မြက်ခင်းပြင်တွင် ထိုင်နေသော်လည်း ဂျွန့်အာရုံတွေက ဟိုဟိုဒီဒီ ပျံ့လွင့်နေသည်။ အိမ်ပြန်ပြီး အနည်းငယ် နားမှ ဖြစ်မည်ဟု တွေးမိ၍ ကလေးတွေကို နှုတ်ဆက်ကာ ထထွက်လာလိုက်သည်။

" ဂျွန်။ "

ရင်းနှီးကျွမ်းဝင်နေလွန်းသော ခေါ်သံဟာ ကျောနောက်ဘက်မှ ထွက်လာပေမယ့် ခြေလှမ်းတစ်စုံကို ပုံမှန်အတိုင်းပဲ ဂျွန် ဆက်ရွှေ့နေမိသည်။ တစ်ချို့လူတွေဟာ ဘဝထဲတွင် ရှိကိုရှိနေသင့်သည့် လူတွေ ဖြစ်ပြီး တစ်ချို့လူတွေကတော့ ဘဝထဲ၌ ရှိကိုရှိမနေသင့်သည့် လူတွေ။
ဟာဒိုယွန်းသည် ကျိန်းသေပေါက် ဒုတိယအမျိုးအစားထဲတွင် ပါ၏။

" ဂင်မ်ဂျွန်​​။ နင် ငါ့ကို ဆက်တိုက် အဲဒီလိုကြီး စကားမပြောဘဲ နေတော့မှာလား။ "

Less Ice, More Sugar (Completed)Where stories live. Discover now