Extra - 3 (Bin x Dalrae)

196 28 3
                                    

ရာသီလေးခုနဲ့ ပုခုံးချင်းယှဉ်ရင်း

ငါကတော့

မင်း ဆိုတဲ့ ပဉ္စမမြောက် ဥတုကလေးထဲမှာပဲ
မွေ့မွေ့လျော်လျော် အသက်ရှင်မယ်။

မူရင်း - အင်စတာဂရမ်
ရေးသူ - ယွန်းဂစ်လ်

...................

" ငါ မလုပ်နိုင်ဘူး ထင်တယ် ဘင်း။ "

နှုတ်ခမ်းအဆီ ဆိုးထားသော်လည်း ထူးထူးဆန်းဆန်းပဲ ကွဲခြောက်နေသလို ထင်ရသော နှုတ်ခမ်းလွှာပေါ် လျှာနှင့် ဖိသတ်တော့ ဒါလ်လယ် ပြန်ရသည်က နှုတ်ခမ်းဆီ၏ စတော်ဘယ်ရီ အရသာချိုချို။

" နင် လုပ်နိုင်ပါတယ် ဒါလ်လယ်။ "

" ဟင့်အင်း။ ငါ မလုပ်နိုင်ဘူး ဘင်း။ "

ဤ အဝင်ဝတံခါးမှာသာ မျက်လုံးနှစ်လုံး ပါလျှင် စူးရဲနေသည့် ထိုမျက်လုံးနှစ်လုံးဖြင့် တံခါးဟာ ဒါလ်လယ်တို့ကို ဂျိုကြည့် လှမ်းကြည့်နေလောက်ပါပြီ။ အဲဒီလောက်ထိပင် တံခါးချပ်ရှေ့မှာ ရပ်ရင်း ဒါလ်လယ် ကယောင်ခြောက်ခြား ဗျာများနေမိချိန်က ရှည်ကြာနေခဲ့ခြင်း ဖြစ်သည်။

ငါးနှစ်။

တိတိကျကျ ငါးနှစ်တောင် ရှိသွားခဲ့ပြီ။

အမေတို့အိမ်ထဲ ဒါလ်လယ် ခြေတစ်ဖက်ပင် လှမ်းမဝင်ဖြစ်ခဲ့တော့တာ၊ အမေတို့အသံကို ဒါလ်လယ် အဝေးကပင် မကြားဖြစ်ခဲ့တော့သည်မှာ တကယ်ကိုပဲ ငါးနှစ် ကြာမြင့်ခဲ့ပြီ။

အိမ်က ထွက်လာတုန်းက ဒါလ်လယ့်အသက် ၂၀။
အိမ်ထဲသို့ တစ်ခါပြန် ဝင်ဖို့ စဉ်းစားမိသော အသက်အရွယ်က ၂၅ နှစ်။
နှစ်တိုင်း ကျရောက်သည့် မိဘများနေ့မှာ အမေတို့အိမ်ရှေ့သို့ ဆေးဘူးနှင့် မုန့်တွေ လာပို့နေကျ ဖြစ်ပေမယ့် တစ်ခါမှတော့ ဒီလူခေါ်ဘဲလ်ကို ဖိနှိပ်ဖို့ ဒါလ်လယ့်မှာ သတ္တိ မရှိခဲ့။
အိမ်ကနေ ဒါလ်လယ် ထွက်မသွားခင် အမေ နောက်ဆုံးပြောခဲ့သော စကားကလည်း ဒါလ်လယ့်နားထဲ သံချွန်တစ်ခုနှင့် တစ်ဆုံး ထိုးစိုက်ထားသလိုမျိုး ဆွဲနှုတ်မရဘဲ ရှိနေတုန်း ဖြစ်သည်။
"တစ်သက်လုံး ပြန်မလာနဲ့။ နင် သေလည်း ငါတို့ စိတ်မဝင်စားသလို ငါတို့သေလည်း ငါတို့ဈာပနကို နင် ယောင်လို့တောင် ခြေမချနဲ့။ မွေးရကျိုးမနပ်တဲ့ဟာမ။" ဆိုသော စကား။ အမေက အခုထိ ဒါလ်လယ့်ကို ဆိုးဆိုးရွားရွား မုန်းတီးနေလောက်ဦးမည် ထင်သည်။

Less Ice, More Sugar (Completed)Donde viven las historias. Descúbrelo ahora