Ep - 22

162 36 11
                                    

အချစ်ကြောင့် ငါ မလွဲမသွေ ပင်ပန်းရတော့မယ်ဆိုရင်
ငါကတော့ ငါ့ကို နာကျင်အောင် လုပ်တဲ့ အဲဒီလူက
မင်းပဲ ဖြစ်နေစေချင်တယ်။

မင်းသာ ဖြစ်နေရင်

နာကျင်ရလည်း ငါ အဆင်ပြေလောက်မယ်လို့ ထင်တာမို့လေ။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ

...................

ဒီနှစ်ထဲ ဒါလ်လယ် စွံနေသည်ဟု ပြောရမလား မသိ။
ဒုတိယနှစ်ဝက်မှာ ဆွန်းအာတို့ သူငယ်ချင်းအုပ်စုကြား ရေပန်းအစားဆုံး အစ်ရှူးဟာ အသစ်ပြောင်းလာသည့် တက္ကသိုလ်ဆရာဝန်လေးက ဒါလ်လယ့်အား မျက်စိကျနေသယောင်ယောင်ရှိသော အစ်ရှူးဖြစ်သည်။

ကန်တင်းမှာ ဒါလ်လယ့်လက် မတော်တဆ ထိခိုက်မိသွားရာက တက္ကသိုလ်ဆေးပေးခန်းကို အသွား၊ ထို ဆရာဝန်အသစ်ကလေးနှင့် ဆေးပေးခန်းမှာ ရုပ်ရှင်ဆန်ဆန် တွေ့ခဲ့ရသည်မှ အစပျိုးခြင်း ဖြစ်သည်။ အခုဆို ဆွန်းအာတို့ ဒုတိယနှစ်ဝက် တက်နေတာ နှစ်လကျော် ရှိပြီ။ ခရစ်စမတ်ရောက်ဖို့တောင် ဘယ်လောက်မှ မလိုတော့။
ဒီရက်တွေအတွင်း ဆရာဝန်လေးဟာ တာဝန်ချိန်ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါလ်လယ့်အနီးတစ်ဝိုက်ကို ရောက်ရောက်လာတတ်သည်။ သူငယ်ချင်းအားလုံးအတွက်လည်း ကော်ဖီ ဝယ်လာပေးတတ်ပြီး ဒါလ်လယ်နှင့်စကားပြောလျှင် ထိုဆရာဝန်လေး၏ နားရွက်ဖျားတွေ နီနေမှန်းကို ဆွန်းအာတို့တွေအကုန် ရိပ်မိသည်။

ဆရာဝန်လေးက ရုပ်လည်းသန့်သည်။ အရည်အချင်းလည်းရှိသည်။ ဒါလ်လယ်နှင့်လည်း လိုက်ဖက်သည်။ နှစ်ယောက်သား မိတ်ဆွေထက်ပိုပြီး ပတ်သက်သွားလျှင်တောင် ဆွန်းအာတို့တွေက လက်ခုပ်တီးပေးဖို့ အဆင်သင့်။
သို့သော် လက်ခုပ်တီးမပေးနိုင်သော စုန်းပြူးတစ်ယောက်က ဆွန်းအာတို့အုပ်စုထဲတွင် ရှိမှန်းမသိ ရှိနေသည်။ ဟုတ်ပါသည်။ အဲ့ဒါကတော့ မလွဲမသွေ အီဘင်းဆိုတဲ့ စုန်းပြူးလေးပါပဲ။

ဆရာဝန်လေးက ဒါလ်လယ့်ကို စကား ပြောစရာမရှိ ရှာကြံပြီး နောက်က လိုက်ပြောတိုင်း ဆွန်းအာတို့တွေ အနားကနေ အမြဲ ရှောင်ပေးတတ်ကြတာ ပုံမှန်။ အဲဒီအချိန်မှာ ပေကပ်ကပ်နှင့် ဂြိုလ်မွှေတတ်တာက ထို အီဘင်းပင်။

Less Ice, More Sugar (Completed)Where stories live. Discover now