Ep - 25.1

171 32 12
                                    

မင်းရဲ့ ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။

ပိုပြီး တိကျအောင် ပြောရရင်တော့

ငါကိုယ်တိုင်က မင်းရဲ့ ကမ္ဘာကြီး ဖြစ်နေချင်တာ။

စာအုပ် - မလဲကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

..................

အဲဒီနေ့က ကန်တင်းမှာ ဒါလ်လယ့်လက် ထိတာက မတော်တဆ တိုက်ချမိပြီး ကွဲသွားတဲ့ အအေးဖန်ပုလင်းကို ပြန်ကောက်ရင်း ဖြစ်တာ။
အဲဒီအဖြစ်အပျက်က အစပြုပြီး ကိစ္စတွေ လွဲချော်ပုံက ရယ်ရလို့ အဲဒီနေ့ဆီ ဒါလ်လယ် တစ်ခေါက် နောက်ကြောင်း ပြန်ပြောပြမည်။

အချိန်က နေ့လည် ဆယ့်နှစ်နာရီခွဲ။ အအေးပုလင်းကတော့ ဂျွန့်အအေးပုလင်း။ အတန်းချိန် နီးကပ်နေပြီ ဆိုကာ ဘေးဘီမကြည့် လွယ်အိတ်ကို ကောက်ဆွဲတော့ ခွမ်းခနဲ နာနာကျင်ကျင် ထအော်သည့် ဂျွန့်အအေးပုလင်း။ တအား အားနာသွားတာမို့ ဒါလ်လယ် မနှောင့်မနှေး ဆောင့်ကြောင့် ထိုင်ချရင်း ပုလင်းကွဲတွေကို ကောက်သည်။ အဲဒီအချိန်မှာ ဖန်ကွဲစက ဒါလ်လယ့်လက်ညှိုးသွေးကြောနားတစ်ဝိုက်ဆီ စိုက်ဝင်သွားသည်။ ဘာမှမဖြစ်ဘူး ဟု ဒါလ်လယ် ငြင်းဆန်သေးသည်။ သို့သော် သွေးက မတိတ်တော့​။ ပျာပျာသလဲ ဖြစ်သွားသော ဆွန်းအာက ဆေးပေးခန်းကို မရရအောင် ဆွဲခေါ်သွားသည်။ ဒါလ်လယ်တို့နှင့်အတူ ဂျွန်လည်း ပါလာသည်။

" သွေးကြောနဲ့လွတ်တယ်။ စိုးရိမ်စရာမရှိဘူးနော်။ "

" ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ "

ဒဏ်ရာရသွားသည့်လက်ချောင်းအား ဆေးထည့်ကာ အနာကပ်ပလာစတာ မွမ်းမံပေးပြီးချိန်မှာ ဆေးပေးခန်းမှ ဆရာဝန်အသစ်က ဒါလ်လယ့်အား နှစ်သိမ့်သည်။ ဆရာဝန်ဟာ အသက်ငယ်ဦးမည့်ပုံ။ ဒါလ်လယ်တို့ထက် ငါးနှစ်ခြောက်နှစ်သာ ကြီးမည် ထင်သည်။
သွေးလည်း တိတ်ပြီ၊ သွေးကြောနှင့်လည်း လွတ်သည် ဆိုတာမို့ စိတ်အေးအေးဖြင့် လှည့်ထွက်မည် အလုပ်မှာ ထို ဆရာဝန်သည် "ခဏ" ဟူသော ခေါ်သံနှင့် ဟန့်တား၏။ ဒါလ်လယ့်ကို အဖော်လိုက်စောင့်ပေးသည့် ဆွန်းအာနှင့်ဂျွန်က အားလုံး ပြီးပြီ ထင်တာကြောင့် ဆေးပေးခန်းအတွင်းမှ ထွက်ခွာသွားရင်း အခန်းအပြင်ရောက်နေကြပြီ ဖြစ်သည်။ ထို့ကြောင့် အခန်းထဲ၌ ဒါလ်လယ်နှင့် ထိုဆရာဝန်သာ ကျန်နေခဲ့သည်။

Less Ice, More Sugar (Completed)Where stories live. Discover now