Ep - 35

164 30 19
                                    

ငါ့ ခံစားချက်တိုင်းနဲ့ ထပ်တူကျတဲ့ ခံစားချက်တွေကို နှလုံးသားထဲ သိုင်းလွယ်ထားတဲ့ မင်းကို ချစ်တယ်။

ငါ ငိုချင်တဲ့အချိန် အတူတူ ငိုကြွေးပေးပြီး
ငါ ပြုံးရယ်ချင်တဲ့အချိန် ငါနဲ့အတူတူ ပြုံးရယ်ပေးခဲ့တဲ့ မင်းက

လောကဓံတွေကြောင့် ငါ ပြိုလဲသွားလုဆဲဆဲမှာတော့

ငါ့ရဲ့ဒေါက်တိုင်တစ်ခုအဖြစ် တခမ်းတနား အသွင်ပြောင်းပေးခဲ့တယ်။

စာအုပ် - လဲမကျပါနဲ့
ရေးသူ - ဂျိုဆောင်းယုံး

...............

" အီဘင်း။ ဧည့်တွေ့ လာတယ်။ "

အိပ်မပျော်နိုင်မှန်း သိလည်း တမင်သက်သက် မဖွင့်ဘဲ ထားခဲ့မိတာ အကြာကြီး ရှိပြီမို့ အမှတ်တမဲ့ ဖွင့်လိုက်မိသည့်အချိန်တွင် ဒီ မျက်ဝန်းများဟာ အလင်းရောင်ဓာတ် သေးသေးလေးကိုပင် မခံနိုင်။ ချက်ချင်းဆိုသလို စူးခနဲ အောင့်သွားသည်။

ဤ အချုပ်ခန်းထဲတွင် ဘင်း ရှိနေရတာ တစ်ပတ်ခန့် ရှိပြီလား မသိ။ သို့မဟုတ် အဲဒီထက် ပိုချင်လည်း ပိုမည်။
ဘင်း ဟန်းဖုန်းနှင့် ပိုက်ဆံအိတ်ကို ရဲတွေ သိမ်းထားကြပြီး ဘယ်သူနှင့်မှ အဆက်အသွယ် လုပ်ဖို့ ခွင့်မပြုတာကြောင့် ဘင်းဟာ ဒီ ရက်ပိုင်း ကမ္ဘာကြီးနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေရသော အနေအထား။
ဘင်းဆီ၌ ကျန်နေခဲ့တာ ဆိုလို့ လက်သန်းထက်မှ ဒါလ်လယ့် လက်စွပ်ကလေးသာ ရှိတော့သည်။

" ဟိုင်း​။ တူလေး။ "

ဆိုဖာတွေ ချထားပေးသည့် မကျယ်မကျဉ်း အထူးဧည့်တွေ့ခန်းထဲ ဘင်း ရောက်ရောက်ချင်း ကျက်သရေမရှိသော မျက်နှာတစ်ခုက စောင့်ကြိုနေသည်။
ဘင်း ဒီအထဲကို ရောက်နေရအောင် ဖန်တီးထားသည့် တရားခံက တခြားသူ မဟုတ်ဘဲ စပ်ဖြဲဖြဲ လုပ်နေသော အရှေ့က အဲဒီကောင် ဆိုတဲ့ အတွေး ဝင်တော့ ရှိရှိသမျှ သွေးကြောတိုင်း ဆူပွက် ရုန်းကြွလာသည်။

ခက်ထန်နေသည့် ဘင်း မျက်နှာကို ငေးမော့ကြည့်ရင်း အရှေ့က ထို ကောင်သည်တော့ စိတ်တိုင်းကျပင် ခွက်ထိုးခွက်လန် ပွဲကျတော့သည်။

Less Ice, More Sugar (Completed)Where stories live. Discover now