Ep - 37

198 29 16
                                    

ငါဟာ တစ်စုံတစ်ဦးရဲ့ ကမ္ဘာကြီး ဖြစ်နေတဲ့အချိန်

ရာသီတိုင်းဟာ နွေဦးပါပဲ။

စာအုပ် - အရက် သောက်ထားတဲ့နေ့တွေ ဖုန်းခေါ်လိုက်လို့ရပါတယ်
ရေးသူ - ဂျောင်ဆိုမင်

.................

တစ်နှစ် ကြာပြီးနောက်။

.................


" ညီမလေး။ တကယ်ကြီး ဆံပင်တွေ အကုန် ဖြောင့်ပြီး ပုခုံးအထိ ညှပ်ပစ်မှာလား။ "

ဆံပင်ဆိုင်မှ ဆံပင်ဒီဇိုင်နာအစ်မသည် အခုထိ မယုံကြည်နိုင်သေးသလိုမျိုး ဒုတိယတစ်ခါ ထပ်မေး၏။

အိမ်မှာကတည်းက အကြိမ်ကြိမ် ဆုံးဖြတ်လာနှင့်ပြီးသည့် ဒါလ်လယ်ကလည်း နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ ခေါင်း ထပ်ငြိမ့်ပြမိသည်။

ဒီ ဆံပင်အကောက်လေးတွေကို တကယ်တော့ ဒါလ်လယ် တအား နှစ်သက်သည်။

မှတ်မှတ်ရရ ဒါလ်လယ် အလယ်တန်းကျောင်းသူဘဝကတည်းက စပြီး ဆံပင်အရှည် ထားခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးအနေနှင့် ဒါလ်လယ့်ဆံပင်လေးတွေ အညိုရောင် ပြောင်းပြီး အကောက်ဆံသား ပေါ်လာချိန်တုန်းကဆိုလျှင် ဒါလ်လယ်ဟာ တစ်လောကလုံး၌ အပျော်ဆုံးလူသားပင် ဖြစ်ခဲ့ဖူးသေးသည်။ အဲ့ဒါကြောင့် ဒါလ်လယ် သံဓိဋ္ဌာန်ချထားမိတာက ဒီ ဆံပင်စတိုင်လ်လေးကိုပဲ တစ်သက်လုံး စွဲစွဲမြဲမြဲ ထိန်းသိမ်းသွားမည် ဟူ၍။
သို့သော် အခုအချိန်မှာတော့ ဘယ်လို အရာတွေကများ ဒါလ်လယ်၏ နှစ်ရှည်လများ ထို သစ္စာစောင့်သိမှုကို ဖျောက်ဖျက်စေဖို့ အားပေးအားမြှောက် ပြုခဲ့ကြသလဲ မသိ။

" နှမြောစရာကြီး​။ ညီမလေးက အကောက်အရှည်လေးနဲ့ တအား လိုက်တာကို။ "

ဒါလ်လယ့် ဆံပင်အဖျားစတစ်ချို့အား လက်မ၊ လက်ညှိုးဖြင့် ဖွဖွ ထိညှပ်ရင်း ဆံပင်ဒီဇိုင်နာအစ်မက ဆိုသည်။ ထို့နောက် ဆက်မေးသည်။

" မိန်းကလေးတွေက အသည်း ကွဲရင် အလကားနေရင်း ဆံပင်ကို မဲကြတယ်တဲ့။ ငါ့ညီမက အသည်းကွဲနေလို့တော့ မဟုတ်ဘူးမလား။ "

Less Ice, More Sugar (Completed)Where stories live. Discover now