Ep - 27

160 32 1
                                    

လက်လွှတ်လိုက်ဖို့အတွက် အကြောင်းတစ်ခု ဖန်လာခဲ့တာလား။

လက်လွှတ်လိုက်ဖို့ အကြောင်းတစ်ခုကို တမင်တကာ ဖန်တီးနေမိတာလား။

စာအုပ် - စာနာခြင်းတွေ ပြည့်နေတဲ့ စာအုပ်
ရေးသူ - ဂျောင်ဆွန်းဂျယ်

..................

ကျပ်တိုးနေလွန်းသည့် ဘတ်စ်ကားပေါ်၌ ထိုင်ခုံနေရာ မရကြသော လူတွေက လက်တန်းများကို ခိုတွဲရင်း လှုပ်လီလှုပ်လဲ့ မတ်တပ်ရပ်နေကြသည်။

ဂျွန်က ပြတင်းပေါက်ဘေးခုံ ရ၍ တော်သေးသည်။ အောက်စီဂျင်အလုံအလောက် မရှိသည့် လေထုကြီးအား မျက်နှာလွှဲကာ အပြင်ဘက်ရှိ တရိပ်ရိပ် ပြေးနေသော သစ်ပင်နှင့် ပလက်ဖောင်းတစ်ချို့ထံ မျက်ဝန်းတွေ ထိုးစိုက်ထားလို့ ရသည်။

ဘတ်စ်ကားဟာ ဂိတ်တစ်ခုတွင် ရပ်သွားပြီး ဂျွန့် ဘေးခုံက လွတ်သွားသည်။

ဘယ်လောက်မှ မကြာလိုက်ဘဲ အမျိုးသမီးတစ်ယောက်က ထို ခုံပေါ် အခြေချလာသည်။ ယောက်ျားလေး ကလေးတစ်ယောက်သည်တော့ ထိုအမျိုးသမီး၏ ပေါင်ထက်၌ အပွေ့တင်ခံထားရသည်။

ပလတ်စတစ် တုတ်ချောင်းနှင့် ထိုးထားသည့် လိမ္မော်ရောင် ဂျယ်လီတစ်ခုက ရုတ်တရက် ဂျွန့်မျက်စိရှေ့သို့ အခစားဝင်လာတာကြောင့် ဘေးကို ဖျတ်ခနဲ လှည့်ကြည့်မိသည်။ ပြုံးနေသော ကလေးက စတော်ဘယ်ရီဂျယ်လီချောင်းအား ပါးစပ်ထဲ ကိုက်ထားလျက်နှင့် ဂျွန့်ဘက်သို့ လိမ္မော် ဂျယ်လီကို ကမ်းပေးနေတာ ဖြစ်သည်။

သူကျတော့ စားကောင်းသည့် စတော်ဘယ်ရီအရသာကို အပိုင် ယူထားပြီး ဘယ်သူမှ မနှစ်သက်သော လိမ္မော်အရသာအား ဂျွန့်ဆီ လာ ပေးကမ်းစွန့်ကြဲခြင်းပင်။ အလိုကျစရာ မကောင်းတာမို့ ဂျွန် မျက်မှောင်တွေ ကျုံ့မိသည်။

" နင် မစားချင်တာနဲ့ တခြားလူကို လိုက် မကျွေးနဲ့။
မစားချင်ရင် ဒီတိုင်း လွှင့်ပစ်လိုက်။ "

ကလေးက မျက်နှာ မဲ့သွားသည်။

ကလေး၏ အမေဖြစ်ပုံ ပေါ်သည့် အမျိုးသမီးကလည်း ဂျွန့်ကို စိမ်းစိမ်းဝါးဝါး ကြည့်သည်။

Less Ice, More Sugar (Completed)Where stories live. Discover now