Ep - 18

168 38 15
                                    

မိုးကောင်းကင်ကြီးက ငါ့ကို ပေးတဲ့

အကြီးမားဆုံးလက်ဆောင်က

'ဒီနေ့' ဆိုတဲ့ အခိုက်အတန့်လေးပါပဲ။

စာအုပ် - ပန်းလေးတွေကို ငေးသလို မင်းကို ငေးမယ်
ရေးသူ - နာထယ်ဂျူ

.................

" သူက ဂေးတဲ့။ "

ပြင်းထန်သောအရှိန်ဖြင့် ပြေးတိုက်ကာ နားနံရံများကို ကွဲအက်စေမတတ် ဖျက်ဆီးပစ်နေသည့် အသံတွေ။

မကြားချင်ယောင် ဆောင်ရင်းသာ လက်ပ်တော့ကို ကျောပိုးအိတ်ထဲက သူ ထုတ်ယူလိုက်သည်။

မနေ့က အိပ်လည်းမအိပ်နိုင်ဘဲ တစ်ညလုံး ငူငူငိုင်ငိုင် ထိုင်နေမိသော အပြစ်ကြောင့် အပြီးမဖျက်ရသေးသည့် ပါဝါပွိုင့်ဟာ အကြွေးအဖြစ် ကျန်နေသည်။ ထို အကြွေးကို ဆပ်ဖို့ရာ လက်ပ်တော့ကီးဘုတ်ပေါ် လက်ချောင်းတစ်ချို့ မြန်မြန် ထိတင်မိသည်။ သို့သော် သူ့လက်တွေ တုန်နေသည်။

" အဲ့ဒါကြောင့် မိန်းကလေးတွေတစ်ယောက်ပြီးတစ်ယောက် တအား တွဲပြနေတာကိုး။ သူ ဂေးနေမှန်း လူ မသိစေချင်လို့။ "

" အင်း။ မနေ့က အဲဒီပုံတွေ မြင်တော့ တအား လန့်သွားတယ်။ အိမ်သာအဝင်ဝမှာတောင်ဟယ်။ ဘယ်လိုများ​။ "

ပါးစပ်ထဲကနေ လေတွေ မှုတ်ထုတ်မိသည်။

လေသံတွေက တိုးညှင်းလွန်း၍ မကြားသလို ဆက်နေကြည့်ဖို့ ကြိုးစားပေမယ့် ယင်း တိုးညှင်းညှင်း အတင်းအဖျင်းစကားများဟာပင် နားစည်တစ်ခုလုံး စုတ်ပြတ်ပေါက်ထွက်သွားလုနီးနီး ကျယ်လောင်လွန်းသလို ခံစားနေရတာ။

သူ ဘယ်လိုလုပ်ရမလဲ။

သူဟာ ထိုအတိတ်ထဲကနေ ဘယ်သောအခါမှ ရုန်းထွက်ခွင့်မရှိတော့။

သူ ဘယ်နေရာရောက်နေနေ ထို အတိတ်ဟာ အနောက်က တကောက်ကောက် ပါလာရင်း သူ့လည်ပင်းကို ဖောက်ထွင်းဖိညှစ်လျက် ရှိသည်။

စိတ်များ ငြိမ်လာမလား ဟု မျက်ဝန်းနှစ်ဖက်ကို တစ်ချက် ဖိမှိတ်မိသည်။ မျက်ဝန်းတွေ ပြန် ဖွင့်တော့ လက်ချောင်းတွေဟာ တဆတ်ဆတ် တုန်တုန်း။ ထို လက်ချောင်းတွေဟာ ကီးဘုတ်ပေါ်မှ စာလုံး နှစ်လုံးသုံးလုံးခန့်ကိုပင် မှန်ကန်ဖြောင့်တန်းအောင် ရိုက်နိုင်ဖို့ ကူညီမပေးလျှင် ဒီလို ပုံစံနှင့် သူ ဘယ်လိုများ တစ်အောင့်နေကျ စင်ရှေ့ ထွက်ရပ်ပြီး ပရယ်ဇန်တေးရှင်း လုပ်ရတော့မလဲ။

Less Ice, More Sugar (Completed)Donde viven las historias. Descúbrelo ahora