Ep - 33.1

151 31 3
                                    

ဘယ်နေရာကစပြီး ဘယ်လိုတွေ မှားယွင်းသွားခဲ့သလဲ မသိဘူး။

မှားယွင်းနေမှန်း နားလည်ပေမယ့်လည်း နာကျည်းလို့ မရ၊ မုန်းတီးလို့ မရတဲ့ အခိုက်အတန့်တွေချည်းပါပဲ။

မင်းကလည်း အဲဒီအခိုက်အတန့်တွေနဲ့ ထပ်တူပေါ့။

စာအုပ် - ငါနဲ့ တိုက်ဆိုင်တဲ့ အကြောင်းတွေ
ရေးသူ - ဟောဆန်းဝုခ်

..................

ဤ လမ်းကြားအတွင်းသို့ ဂျွန် တစ်ခေါက်ထပ် ရောက်လာရပြန်ပြီ။

ကြမ်းရှနေတဲ့ ကတ္တရာအသားက ဂျွန့်ခြေဖဝါးနုနုတွေကို ယှက်ထိနေပုံအရ ဂျွန့်ခြေတစ်စုံလုံးပေါ်မှာ အောက်ခံဖိနပ် ဆင်မြန်းထားခြင်း ရှိဟန်မပေါ်။

များပြားစွာ စုဝေးနေသည့် လူထုကြီးကို ဂျွန် တွေ့သည်။
ယောက်ျား၊ မိန်းမ၊ အဘိုး၊ အဘွား၊ ကလေး၊ အစုံအလင်။

လူထုအတွင်းမှ အယောက်စီတိုင်းဟာ အနက်ရောင်ဝတ်စုံများကို ဆင်မြန်းထားသည်။ ပြီးတော့ ထိုလူတို့ဟာ တစ်နေရာရာကို မျက်တောင်မခတ်တမ်း စိတ်ဝင်တစား ငေးမောနေကြသည်။

လတ်လတ်ဆတ်ဆတ် စိမ့်ထွက်ထားသော သွေးစိမ်းအနံ့။

သွေးစိမ်းအနံ့များက ဂျွန့်နှာခေါင်းတစ်ဝိုက်ဆီ ပျံ့လွင့်လာသည်။

ခြေလှမ်းတွေက လေးပင်နေသော်လည်း လူအုပ်ကြီး အနီးသို့ မရောက်ရောက်အောင်တော့ ဂျွန် တရွေ့ရွေ့ တိုးလာမိသည်။ ဂျွန့်ကို မြင်သည့်အခါ အစကတည်းက ဂျွန့်အလာအား စောင့်နေသလိုမျိုး လူအုပ်ကြီးက ချဲခနဲ နေရာ ဖယ်ပေးကြ၏။

ကားတစ်စီးက လူတစ်ယောက်၏ ကိုယ်တစ်ပိုင်းကို ဖြတ်တိုက်ထားသည်။

ပျက်စီးစုတ်ပြတ်သွားလောက်ပြီဖြစ်သော ထိုလူ၏ အပေါ်ပိုင်းတစ်ခုလုံးဆီကနေ သွေးတွေ မြင်မကောင်းအောင် လျှံထွက်နေပြီး ထိုသွေးရည်များက ထိုလူ့ ခြေထောက်နှစ်ချောင်းအောက်မှာ အိုင်ကျနေသည်။
တဆတ်ဆတ် တုန်လာသည့် ဒူးခေါင်းတွေက မတ်မတ်ရပ်ထားဖို့ မတတ်နိုင်တော့၍ ထိုလူသေအလောင်းရှေ့ ဂျွန် အရုပ်ကြိုးပြတ် ပြိုလဲသွားသည်။
အနက်ရောင်ချည်းသာ ဆင်မြန်းထားသော လူအုပ်ကြီးဆီက အသံတစ်ချို့ စတင် ထွက်လာသည်။

Less Ice, More Sugar (Completed)Where stories live. Discover now