Ep - 25.2

187 35 11
                                    

ငါ့ ဒိုင်ယာရီစာအုပ်ကို လက်ဆောင်အဖြစ် ပေးမိတဲ့ တစ်ဦးတည်းသော လူက မင်း ဖြစ်နေရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။

ငါ့ရဲ့အတွေးသေးသေးလေးတွေက အစ အားလုံးကို သိနေရင်တောင်
နည်းနည်းလေးမှ စိတ်အနှောင့်အယှက် မဖြစ်ဘဲ
နှစ်သိမ့်မှုတစ်ခုကိုတောင် ပေးလာဦးမယ့် အဲဒီလို လူ။

မင်းက ငါ့အတွက်
အဲဒီလိုလူသာ ဆိုရင်။

စာအုပ် - မနက် သုံးနာရီ
ရေးသူ - မနက် သုံးနာရီ


...........................

လွန်ခဲ့သော နာရီဝက်ခန့်။

...........................

" ခရစ်စမတ်နေ့မှာ တစ်ယောက်တည်း အရက်တွေ သောက်ထားတယ်။ လူဆိုးလေး။ ဆန်တာက နင့်ကို လက်ဆောင် မပေးတော့ဘူးတဲ့။ "

ဝိုင်းစက်သွားသည့် မျက်ဝန်းတစ်စုံနှင့် ဘင်းက ဒါလ်လယ့်ကို မော့ကြည့်သည်။ ခရစ်စမတ်သစ်ပင်အောက်၌ ရှိနေသော အနီရောင် သမင်ဂျို ဘီးကုတ်ကို ကောက်ယူရင်း ဘင်းဦးခေါင်းပေါ် ဖြည်းဖြည်းချင်း ဒါလ်လယ် လွှမ်းခြုံပေးမိသည်။ နှာခေါင်းထိပ်ကသာ ဒီထက်ပို နီနေလျှင် ဘင်းဟာ တကယ်ပဲ ဆန်တာ့ စီးတော်လှည်းကို မောင်းနှင်ပေးသည့် အချိန်ပိုင်း သမင်လေးအဖြစ် ငှားယူခံရတော့ဖို့ သေချာသည်။

" မယ်ရီခရစ်စမတ်။ ဘင်း။ "

မယ်ရီခရစ်စမတ် ဟု ဘင်းက ပြန်မပြော။ သို့သော် ဘင်းနှုတ်ခမ်းတွေဟာ ရေးရေး ကွေးလာသည်။ ထို အပြုံးများဟာ မယ်ရီခရစ်စမတ် ဆိုသော ဆုတောင်းစကားထက် ပိုကာ တန်ဖိုးရှိတာလည်း အမှန် ဖြစ်သည်။

" ဆန်တာ့ဆီက လက်ဆောင် မလိုချင်ပါဘူး။ "

မီးခလုတ်ကို ဖွင့်လိုက်တာကြောင့် အနောက်က ခရစ်စမတ်သစ်ပင်ဟာ မီးတွေ လင်းလာသည်။ သစ်ပင်၏ အစိမ်းရောင်အရွက်တွေ၊ အနီရောင်ချူလုံးတွေ၊ လှပသည့် ဖဲပြားတွေ၊ ဆန်တာအရုပ်တွေဟာ ရွှေအလင်းရောင် ဟပ်ပြီး ထင်းခနဲ တောက်လာကြသည်။ အပေါ်ဆုံးက တစ်ခုတည်းသော ကြယ်ပွင့်ကလေး၏ အလင်းရောင်ဟာလည်း ဟိုးအပြင်ဘက်က ကြယ်ပွင့်တွေထက်ပင် အာဏာ ပိုရှိနေသေးသယောင်။

Less Ice, More Sugar (Completed)Where stories live. Discover now