Unicode
အချိန်တန်လို့ ဆေးရုံဆင်းရသည်အထိ ချင်းချုန်းက အမြဲလာတွေ့ပြီး တူဖြစ်သူဝမ်ရိပေါ်ကလည်း အမြဲပါလာသည်။တစ်ခါတစ်လေ အလုပ်ရှိသည်ကို အကြောင်းပြကာ ဝမ်ရိပေါ်ကို ရိရှင်းစီမှာ ခဏကြည့်ထားပေးပါဟုဆိုကာ ထားထားခဲ့တတ်သေးသည်။
ရိရှင်းက ဒါကိုအကျင့်တစ်ခုတောင်ဖြစ်နေပြီး ချင်းချုန်းရောက်မလာသေးရင် ဘာများဖြစ်လို့လဲဟု တွေးမိနေတတ်သည်။ဆေးရုံဆင်းပြီးရင် မတွေ့ရတော့ဘူးဟု ထင်မိပေမဲ့..
"ဟယ်..ဝမ်ကော..ဘယ်လိုလုပ်ပြီးတော့.."
ကားပေါ်မှ မုန့်ဘူးများအပြင် သစ်သီးဝလံအထုပ်များဖြင့် ဆင်းလာသော ချင်းချုန်းရဲ့ဘေးမှာ ဝမ်ရိပေါ်ကပါ ဆင်းလာခဲ့သည်။
"ဘာလို့ အလုပ်တွေလုပ်နေတာလဲ..အမြန်အိမ်ထဲဝင်..ကလေးမွေးထားတာ နွေးနွေးထွေးထွေးမနေဘူး.."
ကလေးအမေလေးဟာ သူမှအလုပ်မလုပ်ပါက လူမမယ်ကလေးနှစ်ယောက်ကို ဘယ်သူကလာကျွေးမှာလဲ။
ရေတစ်ခွက်သာ ဧည့်ခံနိုင်တဲ့ ရိရှင်းက သူမအိမ်အတွက်ရည်မှန်းကာ ဝယ်လာတဲ့မုန့်များကိုကြည့်ကာ အားနာသွားရ၏။
ချင်းချုန်းက အခြေအနေကြည့်ကာ လာရင်းကိစ္စကို ပြောဖို့ပြင်တော့သည်။လက်မခံမှာလည်း ကြောက်တာကြောင့် သူ့ရဲ့လက်တွေက တုန်လှုပ်နေမိသည့်အပြင် သူ့စကားသံက ကြားရသူအဖို့ သူကြောက်နေမှန်းသိသာစေမလား။
"ကိုယ့် အိမ်မှာလာနေပါလား.."
"ရှင်..!!"
"တစ်ကယ်တော့ အိမ်မှာက ကိုယ်နဲ့တူလေး နှစ်ယောက်ထဲနေတာ..ကုမ္ပဏီကို ခေါ်သွားလို့အဆင်မပြေတာကြောင့် အိမ်မှာတစ်ယောက်ထဲထားခဲ့ရတာ စိတ်မချဘူး..ကလေးအငယ်လေးလည်းရှိနေပြီဆိုတော့ ဒီလိုအေးစက်နေတဲ့ အိမ်မှာမနေသင့်ဘူးလေ..အဲ့တော့ ကိုယ့်အိမ်မှာ ကလေးထိန်းလုပ်ပေးပါလား..နေစရိတ်၊စားစရိတ်တာဝန်ယူပ့မယ်..ကိုယ် လစာလည်း ပေးမှာပါ.."
အိပ်ခန်းထဲမှ နားစွင့်နေတဲ့ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကိုကြည့်လျက်..
"ဒီလူသားကတော့ သူ့ဘာသာအပိုင်သိမ်းချင်ရင် သိမ်းချင်တယ်ပေါ့..ဘာလို့ငါ့ခေါင်းလာခံနေရတာလဲ..ဟုတ်တယ်မလား..အလှလေး.."
