Ep (11)

2.9K 309 25
                                        

Unicode

မကြာခင်တရုတ်ပြည်ပြန်ရတော့မည်ဖြစ်လို့ ဝူထုန်းက လုံဝေလက်ကိုဆွဲကာ စျေးဝယ်စင်တာတွေမှာ ခြေရာတွေထပ်နေရသည်။မကြာခင်သူ့မှာအသိစိတ်တစ်ခုရှိလာခဲ့တာက ဘေးမှ ပါလာသော ကလေးငယ်က လမ်းကြာကြာလျှောက်ဖို့ အပင်ပန်းမခံနိုင်လောက်ဘူးဆိုတာပင်။

"ခဏနားကြမလား.."

သူက ဘေးမှလုံဝေကိုပြောလိုက်ခြင်းပေ။ဒီအချိန်..သူတို့ဒီလောက်သွားလာထားရတာ ဗိုက်ဆာ၍ ညောင်းနေလောက်ရောပေါ့။

ဒါကြောင့် ကလေးတွေအကြိုက်တွေ့စေမဲ့ စားသောက်ဆိုင်လေးတစ်ခုသာရှာလိုက်ရသည်။

"ပေါက်စီလေး ကြိုက်တာစားနော်.."

"ဦးကြိုက်တာမှာလိုက်.."

ဆိုင်လေးက အပြင်အဆင်သန့်ရှင်းသပ်ရပ်နေကာ တစ်ခြားဆိုင်များထက်ပိုသဘောကျရတာကတော့ ကိုယ်ထူကိုယ်ထစနစ်မျိုးလေးဖြစ်နေလို့ပင်။စားဖိုမှူးများက order များကိုချက်ပြုတ်ပြီးချိန် နံပတ်များကိုအော်လိုက်ကာ ကိုယ်တိုင် ထိုအစားအသောက်တွေကိုသွားယူရခြင်းဖြစ်သည်။

ဝူထုန်းက အစားအသောက်များကိုမှာပြီး ပြန်လာချိန်အထိ လုံဝေက သူ့ရဲ့လှုပ်ရှားမှုမှန်သမျှကို video record ယူသလိုမျိုး မျက်ခြေမပြတ်လိုက်ကြည့်နေသည်။

ပထမဆုံးအနေနဲ့ သန့်ရှင်းနေသည်ကိုသိသော်ငြား သျှစ်ရှုးယူလိုက်၍ စားပွဲကိုသုတ်သည်။ပြီးတော့ ရေခွက်ထဲ ရေထည့်သောက်ပြီး ကျသွားတဲ့ရေစက်တွေကို ထပ်သုတ်ပြန်သည်။အဆုံးသတ်မှာ သူ့လက်မှပေနေတဲ့ရေများကို ထပ်သုတ်သည်။

"အသန့်ကြိုက်တာလား.."

လုံဝေဘာကိုဆိုလိုပြီးမေးလည်း ဝူထုန်းက အတပ်သိနေသည်။

"ငါအရင်က အရမ်းဆင်းရဲခဲ့တာလေ..ငါ့အကိုဆုံးသွားတော့ ငါ့အမက အပြင်ထွက်ပြီးပိုက်ဆံရှာရတယ်..ရေဘူးတွေလိုက်ကောက်တယ်..အမှိုက်ပုံးတွေထဲက ပြန်ထုတ်ရတယ်..အဲ့တော့ သူပြန်လာရင် သန့်ရှင်းသပ်ရပ်တဲ့အိမ်လေးနဲ့ပဲ စီးကြိုချင်ခဲ့တာ..ဒါကြောင့် အိမ်သန့်ရှင်းရေးကိုနေ့တိုင်းလုပ်ရင်း သန့်ရှင်းရေးလုပ်ရတာက အကျင့်လိုဖြစ်သွားတာ.."

WRONG WAY [completed]Dove le storie prendono vita. Scoprilo ora