Ep (24)

1.6K 242 55
                                    

Unicode

ညဘက်မိုးရွာထားလို့အေးရတဲ့ကြားထဲ အိပ်ခါနီးရေအများအပြားသောက်ထားမိတာကြောင့် အာရန်ကတစ်ရေးနိုးအပေါ့ထသွားချင်လာ၏။အပေါ့လည်းသွားချင်၏၊စောင်ထဲမှာအေး၍ကွေးနေရာကနေလည်းမထချင်၊အကယ်၍ အပေါ့သွားချင်တာကိုအောင့်ပြီး ဆက်အိပ်လိုက်ရင် မနက်ဖြန်သူ့စောင်တွေကိုလျှော်ရဖို့သေချာသွားပြီ။

ဒါကြောင့် မြန်မြန်ဆန်ဆန်အပေါ့ထသွားကာပြန်အိပ်ဖို့ဆုံးဖြတ်လိုက်၏။သူဟာ အိမ်သာထဲမှာပြန်ထွက်လာချိန် သူ့ရဲ့သခင်လေးက အိမ်ပေါ်သို့တတ်သောအုတ်လှေကားပေါ်မှာခြေချထားပြီး သူ့အခန်းအရှေ့မှကပျဥ်ပေါ်တွင် ထိုင်လျက် ငေးငိုင်နေသည်။အနောက်ဘက် ပွင့်လျက်သားအခန်းထဲမှ စောင်တစ်ထည်လည်းထွက်လို့နေပြီး ရှောင်ကျန့်ကထိုစောင်ကို သူ့ကိုယ်ပေါ်အားခြုံထားသေးသည်။ဘေးတစ်ဖက်တွင် ရေနံဆီမီးအိမ်လေးကိုထွန်းထားလျက် သူ့ဆံပင်များကလည်း စည်နှောင်ထားခြင်းမရှိတာကြောင့် ကပိုကရိုဖြင့်ဖြာကျနေ၏။
သူတောင်အိပ်ပြီးလို့တစ်ရေးရနေပြီ ဘာလို့သူ့သခင်လေးက အိပ်တောင်မအိပ်ရသေးသလိုဖြစ်နေရတာလဲ။ဒါကြောင့် သူလည်းဆက်အိပ်ဖို့မစဥ်းစားတော့ဘဲ အိပ်ခန်းသို့အမြန်ပြေးကာ အဝတ်ထူထူတစ်ထည်ကိုကောက်ဆွဲလာလိုက်၏။

"သခင်လေး..ဘာလိုချင်လို့လဲဗျ.."

ရှောင်ကျန့်ကအသံကြားတော့မှ ငေးငိုင်နေရာမှ အသိပြန်ဝင်သွား၏။

"အာရန်..မင်းမအိပ်သေးဘူးလား.."

"ကျွန်တော်တစ်ရေးရသွားပြီ..သခင်လေးကရော အေးနေတာကိုအပြင်ကြီးမှာဘာလို့နေနေတာလဲဗျ..အအေးမိရင်ဒီရာသီဥတုနဲ့အဖျားပျောက်ဖို့က ခက်တယ်နော်.."

"အေးကွ..ငါလည်းဝင်အိပ်မလို့ပဲ ဒါပေမဲ့ ခဏလေးငေးငိုင်လိုက်တာ ဘယ်လိုအချိန်တွေကုန်သွားမှန်းမသိဘူး.."

အာရန်သည် ရှောင်ကျန့်ရဲ့နဘေးတွင်ဝင်ထိုင်လိုက်ပြီးချိန် ကြမ်းပြင်ကအေးစိမ့်နေတာကြောင့် နေမထိထိုင်မသာဖြစ်သွားရသည်။သူတင်ပါးနှစ်ဖက်လုံးက အေးစိမ့်သွားရပြီး နဂိုထဲမှအရှိန်မသေသေးသော အချမ်းဒဏ်က ပြန်ရုန်းထလာ၏။လေတိုက်ထားတာကြောင့် ကြမ်းပြင်များက အေးစိမ့်နေသည်ကို ရှောင်ကျန့်ကထိုင်တာကြာနေပြီမို့လို့မသိပေမဲ့ အာရန်ထိုင်တဲ့နေရာကတော့ တော်တော်လေးကိုအေးစက်နေခြင်းပေ။

WRONG WAY [completed]Où les histoires vivent. Découvrez maintenant