Ep(5)

3.8K 440 12
                                    

Unicode

ရှောင်ကျန့်က ကျောင်းမှာ ဝမ်ရိပေါ်က သူ့အကိုဆိုတာကို မသိစေချင်ပါ။ဘာလို့ဆို တစ်ခုခုကြောက်ရွံ့မိလိုက်လျှင် အကိုရှိလို့ကြောက်နေတဲ့ ငကြောက်ကြီးဟု အပြောမခံနိုင်ပါ။သူကြောက်ရွံ့နေတာမှန်ရင်တောင် ဝမ်ရိပေါ်က သူ့အကိုမှန်းမသိရင် လိမ္မာသွားပြီဟုပဲ ထင်ကြလိမ့်မှာ။

"ကလေးလေး..ကျောင်းဆင်းရင် အတူတူပြန်မယ်.."

"စကားလာမပြောနဲ့.."

ရှောင်ကျန့်ကအနောက်ခုံမှနေ၍ စကားအဆက်မပြတ်ပြောနေသော ဝမ်ရိပေါ်ကို ဆရာရဲ့အရိပ်အကဲကြည့်၍သာ ခပ်တိုးတိုးပြန်ပြောလိုက်၏။ခါးကိုအနောက်မှီထိုင်လိုက်ရုံနဲ့ ဝမ်ရိပေါ်နဲ့ရှောင်ကျန့်က စကားပြောရအဆင်ပြေပြီဖြစ်သည်။

"ခဏနေရင် ထမင်းစားရတော့မှာ ဘာစားမလဲ.."

"ခေါက်ဆွဲပြုတ်.."

"ဘာ.."

"ခေါက်ဆွဲပြုတ်တော့ ဘယ်ဟုတ်မလဲလို့.."

ခေါက်ဆွဲပြုတ်ကလည်း အိမ်ကတားမြစ်ထားသည့် သူမစားရသောအစားအစာများထဲမှ တစ်ခုဖြစ်သည်။အသက်၂၀ ဝမ်ရိပေါ်က အသက်လိမ်ပြီးကျောင်းလာတတ်တာတောင် ဘယ်သူမှမရိပ်မိသည်အထိ နုပျိုနေရခြင်းမှာ ရှောင်ကျန့်ကတော့လက်ဖျားခါမိသည်။

"ကျောင်းကန်သင်းအတူတူသွားရအောင်.."

"စကားလာမပြောပါနဲ့ဆိုဗျာ.."

"ဘာလို့လဲ.."

"ကျွန်တော်တို့ နှစ်ယောက်က ညီအကိုတွေမှန်းမသိစေချင်ဘူး.."

ညီအကိုတွေမဟုတ်မှန်းပြောလိုက်ချင်သည့် စိတ်ကိုပြန်ထိန်းချုပ်လျက် ဝမ်ရိပေါ်က ပတ်ဝန်းကျင်ကိုလည်း ကြည့်ရသေး၏။

"ရတာပဲလေ..ကန်သင်းအတူတူသွား၊အိိမ်အတူတူပြန်၊ကျောင်းအတူတူ လာရုံနဲ့တော့ ညီအကိုလို့ပြောလို့ဘယ်ရမလား..မိဘချင်းရင်းနှီးလို့ပေါ့ ရှင်းနေတာပဲကို.."

"အော..ဒါလည်းကောင်းသားပဲ.."

ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ဆံပင်အုပ်ကျနေသော နဖူးလေးသို့ လက်ညိုးနဲ့လက်ခလည်ပူးလျက် လက်ညိုးဖြင့်ခပ်ဖွဖွတောက်လိုက်၏။

WRONG WAY [completed]Onde histórias criam vida. Descubra agora