Ep (33)

1.6K 227 25
                                        

Unicode

ဝိုးတဝိုးမြင်ရတဲ့အမြင်မှာ တစ်စုံတစ်ယောက်ကသူ့အားနုနုယွယွလေး ထိတွေ့နေသလို။ရင်ဘတ်ကအောင့်လာလိုက်တာ သေမတတ်ပဲ။ဘာလို့ရင်ဘတ်တွေအရမ်းနာနေရတာလဲ။

ကျောခင်း၍လှဲလျောင်းနေရတာဘယ်လောက်ကြာသွားပြီမို့ သူ့ကျောပြင်တစ်ခုလုံးချွေးတွေအိုင်နေရတာလဲ။အာယူ၍မျက်လုံးဖွင့်ကြည့်တော့ သူ့ရင်ဘတ်ကိုရေဘတ်တိုက်ပေးနေသူက ဘုရင်ကိုယ်တိုင်ပင်။

ညာဘက်တစ်ခြမ်းကို ပတ်တီးစလွယ်သိုင်းစီးပေးထားကာ သူ့ရင်ဘတ်မှတစ်ဆစ်ဆစ်နာကျင်လာရသည်။ဒါလေးကိုတောင်မခံမရပ်နိုင်နာကျင်နေရရင် သူ့ကြောင့်အဆိပ်မိသူတွေ ဘယ်လောက်ခံစားလိမ့်ရမလဲ။

လှဲနေရတာညောင်းလာလို့ ထထိုင်ရန်ကြိုးစားမိတော့ စုမင်းယွဲ့ကထူပေးလာ၏။

"ရှောင်လေး..ဖြည်းဖြည်းထ.."

ရေဆာတာကြောင့် ရေတောင်းသောက်မိတော့ သူ့အပေါ်ပိုင်းဗလာကြောင့် အဝတ်ယူဝတ်ရန်ကြိုးစားပေမဲ့ ဘုရင်ကအဝတ်မခံပါ။

"ချွေးတွေအရမ်းထွက်နေတာ မဝတ်နဲ့ဦး..
ရှောင်လေးရယ် ကိုယ်တော်ဘယ်လိုမျိုးကယ်ထားရလဲသိလား..ဘာလို့ကိုယ့်အသက်ကိုယ်မနှမြောရတာလဲ.."

"နှမြောတယ်..ဒါဆို အရှင်ကရော အရင်မိဖုရားတွေရဲ့အသက်ကိုမနှမြောမိဘူးလား..သူတို့ကလည်း တစ်စုံတစ်ယောက်အတွက်အရေးကြီးတဲ့လူတွေပဲလေ..အရှင်ဘယ်လိုတောင်ရက်စက်ရတာလဲ..လူ့ဘဝကအလွန်ရခဲလှတယ်.. ကျွန်တော်မျိုးတော့ ဒီလူ့ဘဝကြီးကိုမလိုချင်တော့ဘူး.."

"ကိုယ်တော်အမတ်ရှောင်ကို ပြည်နှင်ဒဏ်ပေးလိုက်ပြီ.."

"ဘာလို့လဲ..!!"

"သူကလည်း ဆူးငြောင့်တစ်ခုပဲ..ကိုယ်တော်မသတ်တာပဲကျေးဇူးတင်ပါ.."

သူဟာ ယနေ့မှစ၍အဖေဖြစ်သူနဲ့ ဘယ်တော့မှဆုံစည်းရမလဲဆိုတာမသိနိုင်တော့ပါ။အာရန်သည်လည်းပဲ သူ့အနားအမြဲမနေနိုင်တော့ပါ။ဝမ်ရိပေါ်ကိုဆို မတွေ့ရတော့တာ ၁ပတ်ကျော်သွားပြီ။

"အရှင့်စီကလွတ်မြောက်ဖို့ ကျွန်တော်မျိုးအတွက်သေလမ်းတစ်လမ်းဘဲရှိတော့တာလား.."

WRONG WAY [completed]Wo Geschichten leben. Entdecke jetzt