Zawgyi code
"ဘာတွေများရွှေစိတ်တော်ညိုးနေရတာပါလဲ မင်းသားလေး.."
ကုတင်စွန်းတစ်ဖက်မှာဝင်ထိုင်လိုက်တဲ့ ဝမ်ရိပေါ်ကြောင့် မွေ့ယာကြီးကအိကျသွားကာ အမေးခံရသူကလည်း စောင်ကို ခေါင်းအထိတိုးခြုံလိုက်သည်။ရှောင်ကျန့်ဟာ ဘေးတစ်စောင်းအနေအထားနဲ့သာ ဝမ်ရိပေါ်ရဲ့အမေးကို မသိကျေးကျွန်ပြုလိုက်၏။
"အလှလေးလို့..အလှလေးမေ့နေတာကို မသိချင်ဘူးလား..ကိုယ်ပြောပြနိုင်တယ်လေ."
"ဘာထူးမှာလဲ..ခင်ဗျားပါးစပ်ကထွက်လည်း လိမ်တာပဲဖြစ်မှာပေါ့.."
"ဟောဗျာ..ဒီမှာကိုယ့်လူ..မှတ်မိသလောက်စဉ်းစားကြည့်ရင်တောင် ကိုယ်မင်းကိုတစ်ခါမှမလိမ်ဖူးဘူးဆိုတာ သိလိမ့်မယ်.."
ဝမ်ရိပေါ်ရဲ့စကားကြောင့်အတိတ်ကိုပြန်တွေးကြည့်ဖို့တောင် သူ့ရဲ့မှတ်ဉာဏ်များက တစ်စွန်းတစ်စပင်။အချို့အရာများကိုမှတ်မိပေမဲ့ သူ့ခေါင်းထဲမှာ အကြောင်းအရာတော်တော်များများ ပျောက်ဆုံးနေသလိုလို..အဲ့ဒါကြောင့် ကြိုးစားစဉ်းစားကြည့်ရင်တောင် ခေါင်းကမခံမရပ်နိုင်ကိုက်လို့လာ၏။
"အာ့..!!"
"ဘာဖြစ်တာလဲ..!!"
"ဘာမှမဖြစ်ပါဘူး..ခေါင်းနည်းနည်းကိုက်သွားလို့.."
"အလှလေး.."
ဝမ်ရိပေါ်က ရှောင်ကျန့်အား ဆွဲထူကာ သူ့ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်စေသည်။
"ခင်ဗျား..ဘေးဖယ်စမ်း..!!"
"မစဉ်းစားပါနဲ့တော့..ပြန်သတိမရလာရင်တောင် ကိုယ်အချစ်မလျော့မှာက သံသယဝင်စရာမရှိလို့..ကျေးဇူးပြုပြီး ပြန်မစဉ်းစားပါနဲ့တော့.."
"ဘယ်..ဘယ်သူက ခင်ဗျားအချစ်လျော့မှာစိုးလို့ မရမကစဉ်းစားနေတယ်ပြောလို့လဲ.."
ဝမ်ရိပေါ်က ပိုတင်းတင်းဖက်လိုက်ကာ ရှောင်ကျန့်ရဲ့ ခေါင်းလုံးလုံးလေးနဲ့ သူ၏ပါးကိုပွတ်သပ်နေလိုက်သည်။မသိရင် ချစ်ရလွန်းတဲ့ကြောင်လေးကို သခင်က ခပ်တင်းတင်းပိုက်ထွေးချီမထားသလို။
"ကိုယ်တို့က မဂ်လာဆောင်ဖို့လုပ်ထားခဲ့ဖူးတယ်..လူ့ပြည်မှာနေထိုင်ပြီး သာမာန်ဘဝပုံစံနဲ့ ဖြတ်သန်းဖို့လည်း အစီအစဉ်တွေဆွဲခဲ့ကြတယ်.."
