Ep (40)

1.9K 252 21
                                    

Unicode

နောက်တစ်ရက်မှာတော့ အရာရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ ခရီးမှ ဝူထုန်းတို့လည်းပြန်ရောက်လာခဲ့သည်။ဝူထုန်းဟာ ကလေးတစ်ယောက်လက်ကိုဆွဲကိုင်လာ၏။

"ဝမ်ရိပေါ်..မင်းဘာတွေရီနေတာလဲ.."

ဝမ်ရိပေါ်ဟာ လုံဝေနဲ့အကြည့်ချင်းစုံ၍ ခွီခနဲရီမိသွားခြင်းပေ။ချောမောခြင်းနဲ့ပြည့်စုံသော သူ့သားက အခုတော့ ကြိုးသိုင်းဘောင်းဘီအတိုလေးဖြင့် ဝတ်ထားသောအကျီအဖြူမှာလည်း micky mouse ရုပ်ကြီး။
ဝူထုန်းက သူ့သားကို ဘယ်လိုတောင် ဆင်ပေးလိုက်သလဲမသိ။

"ဘာမှမရီပါဘူး.. ဒါနဲ့ မင်းခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား.."

"ငါ့ခန္ဓာကိုယ်က ဘာဖြစ်နေလို့လဲ.."

"ငါကြားတာတော့ မင်းသူ့ကိုကုန်းပိုးပြီး ဆေးရုံပို့လိုက်ရတယ်ဆို.. မင်းခန္ဓာကိုယ်က သူ့ကိုယ်ကိုချီနိုင်ခဲ့ရဲ့လား.."

ဝူထုန်းအကြည့်သည် သူ့ဘေးရှိနို့ခဲလေးများကို ထိုင်စားနေသော ကလေးစီအကြည့်ရောက်သွားမိသည်။ဒီကောင်လေး သူ့ကိုသစ္စာဖောက်ပြီး ဝမ်ရိပေါ်ကို ဘယ်အချိန်က ဆက်သွယ်လိုက်တာများလဲ။ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးလောက်ကို သူမချီနိုင်ဘူးသာဆိုရင် ဝမ်ရိပေါ်ဆိုတဲ့ကောင်စီမှာ တစ်သက်လုံးအဟားခံသွားရမှာ။အသေးကောင်၊ အားမရှိတဲ့ကောင် ၊ ပေါက်စကောင် စသည်ဖြင့်ပေါ့။

"လုံဝေက ပေါ့ပါတယ်.. ပေါ့ပေါ့လေး.. ဒီလောက်ကတော့ ကုန်းပိုးပြီး မြို့ပတ်လို့တောင်ရတယ်.."

"ဟုတ်လား.."

ဝမ်ရိပေါ်ရဲ့မေးသံသည် သံရှည်ဆွဲကာ မေးလိုက်သည့်အသံမျိုးပေ။

*ခွေးကောင် ငါ့ကိုရွဲ့ပြီ..*

ဝူထုန်းသည် မသိချင်ယောင်ဆောင်လိုက်ပြီး သူ့ရဲ့တူဖြစ်သူကိုသာရှာနေမိသည်။

"ငါ့တူလေးရော.."

"ရှိတယ် အိပ်နေတုန်းပဲ.."

"ငါသွားတွေ့ဦးမယ်.."

ဝူထုန်းက မတ်တပ်ရပ်လိုက်ပြီး ရှောင်ကျန့်အခန်းစီဦးတည်လိုက်တော့ ဝမ်ရိပေါ်ကအောက်ထပ်ကနေပြီး လှမ်းအော်သည်။

WRONG WAY [completed]Where stories live. Discover now