Ep (12)

2.7K 311 18
                                        

Unicode

ရှင်းယောင်း ပြန်လည်နှိုးထလာချိန်မှာတော့ သူ့မျက်နှာပေါ်သို့ နေရောင်ပြိုးပြိုးပြက်ပြက်မှာ ကျဲကျနေသောကြောင့် သူမက လပ်ဖြင့်ကာလိုက်သည်။ဘေးပက်ပက်လည်ကို စူးစမ်းမိချိန် သူမရဲ့အိပ်ခန်းထဲသို့ပြန်ရောက်ရှိနေပြီဖြစ်ပြီး သေချာတာကတော့ မနေ့ညက သူ့မကို ထိုလင်းနို့လိုလို လူလိုလိုနဲ့ ရိန်းဆိုသူက ပြန်ပို့ပေးသွားတာဖြစ်မည်။

"ဒီလူကတော့.. လုပ်လိုက်ရင်အဆန်းကြီးပဲ..ဒီအတိုင်းအသိရှိ​နေတဲ့အချိန်မှ ပြန်လိုက်ပို့လို့ရတာပဲကို..ခေါ်သွားခံရတုန်းကရော ပြန်ပို့ခံရတုန်းကပါ ..သူ့နေရာကို မသိစေချင်လို့များလား..ဒီလိုဆိုမှ သူနေတဲ့အဲ့နေရာက ကမ္ဘာ့မြေပုံမှာတောင်ရှိရဲ့လားမသိဘူး.."

ဘေးမှနာရီကိုအကြည့်ရောက်မိတော့ ရှင်းယောင်က ကျောင်းနောက်ကျတော့မည်မှန်းအတပ်သိလိုက်သည်။ဒါပေမဲ့ ကျောင်းရောက်သည့်အချိန်မှာတော့ သူမတစ်ယောက်ထဲကျောင်းနောက်ကျခြင်းမဟုတ်ဘူးဆိုတာသိလိုက်ရ၏။

ကျောင်းအရှေ့တစ်နေရာမှာ သူက အထဲသို့ဝင်ရန်ပြင်နေပေမဲ့ တံခါးများပိတ်သွားပြီဖြစ်တာကြောင့် တံခါးပေါက်မှာယောင်လည်လည်မတ်တပ်ရပ်နေသော ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ကို တွေ့လိုက်ရသည်။

ရှင်းယောင်ခမျာ သူမတစ်ယောက်တည်း ကျောင်းနောက်ကျပြီမှတ်တာ သူမရဲ့သူငယ်ချင်းနှစ်ယောက်ကိုတွေ့လိုက်ရချိန် သူတို့လည်းနောက်ကျလို့အပြစ်ပေးခံရတော့မည်ဟူသောအတွေးကိုဘေးချိတ်ကာ အတိုင်းမသိဝမ်းသာမိသွားသည်။

သူမက "သူငယ်ချင်းဆိုတာအဲ့တာပဲ..ဆိုးတူကောင်းဖက်အတူရှိနေသင့်တယ်.."ဟု တွေးမိလိုက်သည်။

ကျောင်းနောက်ကျလို့အပြစ်ပေးခံရမည့်အတူတူတော့ ဝမ်ရိပေါ်က ဒီတစ်ရက်ကိုကျောင်းမတတ်ဘဲသာနေလိုက်ချင်သည်။
ဘာလို့ဆို သူ့လိုနတ်ဆိုးဘုရင်တစ်ပါးက သူများကိုပဲအပြစ်ပေးဖူးပြီး သူ့ကိုအပြစ်လာပေးမှာဆိုရင်တော့ ရာဇဝင်ရိုင်းသွားနိုင်တာကြောင့်ပင်။

ဝမ်ရိပေါ်ရဲ့အကျင့်စရိုက်အရဆိုရင်တော့ ဘာလုပ်လုပ် သူပဲအမှန်ဟူသည့် အတ္တမျိုးတော့ရှိနေသည်။

WRONG WAY [completed]Where stories live. Discover now