Ep (35)

1.6K 219 16
                                    

Unicode

အခန်းထဲတွင် တိုးတိတ်စွာမျက်ရည်တိုက်ပွဲဆင်နွှဲပြီးသည့်နောက်မှာတော့ ရှောင်ကျန့်ဟာဝမ်ရိပေါ်ကိုအဖြစ်အပျက်အစုံအလင်အား ပြောတော့သည်။သူ့ရဲ့ဖြူရော်နေပါလျက် ပြောလိုက်ငိုလိုက်ဖြစ်နေသောပုံစံလေးဟာ ကလေးငယ်ကမတရားခံလိုက်ရခြင်းအား မိမိအားကိုးတဲ့သူကိုတိုင်ပြောနေသကဲ့သို့ပင်။

"ဒါပေမဲ့ ဘာလို့ကိုယ့်ကိုယ်ကိုထိခိုက်အောင်လုပ်ရတာလဲရှောင်ကျန့်ရာ..ကျွန်တော်ခင်ဗျားကို ရေကန်ထဲမဆင်းဖို့လည်းပြောထားတယ် ပြီးတော့ ကိုယ့်ကိုယ်ကိုအန္တရာယ်ဖြစ်အောင်မနေဖို့လည်းပြောထားတယ်..အဲ့လိုပြောထားရက်နဲ့..ခင်ဗျားဗျာ.."

"မဆူပါနဲ့.. လူကအိမ်မက်တွေမကောင်းလို့စိတ်ညစ်နေတဲ့ဟာကို.."

ဘေးချင်းကပ်ရက်ထိုင်နေပြီး ဝမ်ရိပေါ်ကလေပြေအေးနဲ့ဆူတော့ ရှောင်ကျန့်က နဂိုထဲကမှ ဝမ်းနည်းနေသည့်စိတ်အခံရှိနေသည်မို့ သူ့ဟာဝမ်ရိပေါ်လုပ်လာပေးတဲ့ဆန်မုန့်ကိုစားနေရင်းနဲ့ တစ်ဖက်သို့ခေါင်းလှည့်ထားလိုက်၏။ဆန်မုန့်များပါးစပ်အပြည့်စားနေခြင်းကြောင့် သူ့ပါးဟာဖောင်းကား၍လည်းနေနေသေးသည်။

"ရှောင်ကျန့် ဒီမှာကျန်သေးတယ် စားဦး.."

"ပေး..ခင်ဗျားလုပ်ထားတာမို့ ကျွန်တော်ကုန်အောင်စားမှာ.."

ဝမ်ရိပေါ်ဟာ သူ့ပါးစပ်နားထိုးပေးလာသောဆန်မုန့်ကို တစ်ကိုက်ကိုက်ကာ ရှောင်ကျန့်နီးတူပါးဖောင်းဖောင်းလေးများဖြင့်ပြန်ပြုံးပြလိုက်၏။ဆန်မုန့်တစ်ခုကို နှစ်ကိုယ်အတူစားကာ ပြုံးရီမိတော့ ဝမ်ရိပေါ်ဟာ သဘောတကျဆိုလာသည်။

"ရှောင်ကျန့်ကတော့ ကျွန်တော့်ကို အပြောနဲ့ရောအလုပ်နဲ့ရော ခြွေနေတာပဲ.."

စားပြီးတော့ ရှောင်ကျန့်ဟာ အနီးရှိရေနွေးအိုးထဲမှရေတစ်ခွက်ကိုခပ်သောက်၏။တိတ်ဆိတ်နေချက်ကတော့ ရေနွေးခွက်ထဲသို့ရေကျသံကိုတောင် ကြားနေရသကဲ့သို့ပင်။

ရေသောက်နေရင်း ရှောင်ကျန့်ဟာ ဝမ်ရိပေါ်ကိုလှည့်ကြည့်၍ သူ့အတွက်ပါတစ်ခွက်ထည့်ပေးလိုက်၏။

WRONG WAY [completed]Место, где живут истории. Откройте их для себя