Ep (27)

1.5K 230 38
                                    

Unicode

"ဒါဆို ကျွန်တော့်ဆုတောင်းကဘယ်ပြည့်တော့မလဲ..ကျွန်တော်ခင်ဗျားကိုပြောပြမိလိုက်တယ်လေ..ဟာဗျာ..မဖြစ်နိုင်တာ.."

"ဖြစ်နိုင်တာကတော့ ခင်ဗျားဆုတောင်းမပြည့်တော့ဘူး.."

"ဟာဗျာ.."

ဝမ်ရိပေါ်က မကျေမနပ်ရေရွတ်ပြီး တိတ်ဆိတ်သွား၏။ဒီလအတွင်း တောက်လျှောက်ဆုတောင်းခဲ့သမျှ အခုတော့ သူ့ဆုတောင်းမပြည့်နိုင်တာကို ပြန်တွေးကြည့်တော့ စိတ်ထဲတွင်တော့မကျေမနပ်နဲ့ပင်။ဒါကြောင့် သူကရှောင်ကျန့်နဲ့တော့ စကားမပြောနိုင်တော့ပါ။

သူမသိတာကတော့ ရှောင်ကျန့်ရဲ့ဆုတောင်းကသူနဲ့ထပ်တူညီတာကိုပင်။အကယ်၍ ဝမ်ရိပေါ်က သူ့ကိုပြောခဲ့၍ဆုတောင်းမပြည့်ခဲ့ရင်တောင် သူကတော့ဝမ်ရိပေါ်ကိုမပြောပြတဲ့အတွက် ဆုတောင်းပြည့်နိုင်ပေသည်။

ဒါကအယုံအကြည်လွန်ပြီး ကလေးဆန်တဲ့ဘက်​​ရောက်ကောင်းရောက်နေနိုင်၏​။ရှောင်ကျန့်သည်လည်း ဘာလို့များအခုလိုအတွေးမျိုးတွေးလိုက်နိုင်လဲ နားမလည်နိုင်တော့ပေ။အရင်ကသူကိုယ်တိုင် ဝမ်ရိပေါ်ကိုမတွေ့မမြင်ချင်လောက်အောင် အမြင်ကပ်ခဲ့တာမလား။အခုတော့ သူကိုယ်တိုင်နောက်ထပ်တွေ့ရဖို့ ဆုတောင်းမိတယ်တဲ့လား။

အပေါင်းအသင်းမရှိတဲ့သူက သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေးကို နောက်ထပ် နောက်ထပ် ထပ်တွေ့ချင်တာအဆန်းကြီးလည်းမဟုတ်ပါ။

*ငါလည်းရူးပ့...*

ဒီရောက်လာတာ အခုမှတစ်ရက်မြောက်နေ့ပဲရှိသေးသည်မို့ နောက်ထပ် ၆ရက်တောင်အေးဆေးနေလို့ရသေးပြီး ရှောင်ကျန့်က တစ်ချို့လူတွေနန်းမြို့တော်ထက် ယခုကဲ့သို့မြို့နယ်အသေးလေးမှာဘာလို့လာနေထိုင်ချင်ကြလဲ သိရှိသွားခဲ့၏။နန်းမြို့တော်ဟာ တောရွာထက်လူနေထူထပ်ပြီး လိုချင်တာမှန်သမျှရနိုင်သည်ကလွဲရင် လေကောင်းလေသန့်လည်းမရ၊ ဖုန်ကလည်းထူသေး။ယခုမြို့နယ်လေးဆို တော်တော်လေးလှသည့်အထဲတွင်ပါဝင်သည်။

​ရေကန်လေးများလည်း အလွန်ပေါတာကြောင့် လတ်ဆတ်တဲ့ငါးတွေကိုလည်းအလွန်စားရသည်။ဝမ်ရိပေါ်သည်ကတော့ တည်ငြိမ်နေသောရေကန်ထဲသို့ ခဲလုံးတစ်ခဲပစ်ချပြီး တည်ငြိမ်မှုကိုဖြိုခွင်းလိုက်ကာ စိတ်ကြည်သာနေသောရှောင်ကျန့်ကိုမျက်စောင်းထိုးလိုက်သေး၏။

WRONG WAY [completed]Donde viven las historias. Descúbrelo ahora