Unicode
နေ့ရက်တွေရဲ့အလွန်မှာ ဘာတွေရှိမလဲ ဘယ်သူမှမသိကြဘူး။ဝမ်ရိပေါ်နဲ့ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေက ပျော်စရာအတိဖြစ်နေသည့်အခါ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်သူမသိပေ။
သူနဲ့ဝမ်ရိပေါ်ရဲ့ဆက်ဆံရေးကတိုးတတ်လာပြီဖြစ်တာကြောင့်မို့ မက်ခဲ့တဲ့စိတ်ပျက်စရာအိမ်မက်တွေကိုဘာလို့တွေးနေဦးမှာလဲ။
ရှောင်ကျန့်က စားပွဲပေါ်မှဖုန်းလေးကိုယူကြည့်လိုက်ချိန် မနက်၃နာရီထိုးနေပြီဖြစ်၏။အချိန်ကိုက်ဘဲ ဖုန်းမှ ယွဲ့မင်းဟူသောဖုန်းနံပတ်ဝင်လာသည်။
"ဟဲလို.."
"ရှောင်ကျန့်..ငါ..ငါ့နောက်ကို ဘာကောင်ကြီးမှန်းမသိဘူးလိုက်နေတယ်..ငါ့ကိုကယ်ပါဦး..ငါအခုမင်းတို့အိမ်နားရောက်ခါနီးနေပြီ..ငါ့ကိုလာကယ်ပါဦး..ရှောင်ကျန့်.."
ဖုန်းကရုတ်တရက်တီခနဲကျသွားပြီး ရှောင်ကျန့်ကလည်း သူငယ်ချင်းဖြစ်သူဘာအန္တရာယ်နဲ့များတွေ့နေမလဲဟူသောအတွေးနဲ့ သူတစ်ခါကတွေ့ခဲ့သော လင်းနို့အကောင်ကြီးများလား။
လေထုရဲ့ တုံးရန်ကော ဟူသောအသံကိုသူမကြားရပါ။ဝမ်ရိပေါ်ကိုနှိုးမဲ့အချိန် ယွဲ့မင်းအပေါ်အမြင်မကြည်တာကိုသတိရသွားမိသည်။ဝမ်ရိပေါ်ဟာ နတ်ဆိုးမို့လို့မအိပ်လည်းရတယ်ဆိုရင်တောင် ယခုတော့အိပ်မောကျလျက်ရှိသည်။သူအမြဲပြောနေသလိုပေါ့..ရှောင်ကျန့်သာအနားမှာရှိရင် အိပ်ပျော်တယ်ဆိုဖူးတယ်..ဒါပေမဲ့ သူမှားတယ်..အိပ်မပျော်သွာခဲ့သင့်ဘူး။
ရှောင်ကျန့်စိတ်ထဲမှာ ဝမ်ရိပေါ်ဟာယွဲ့မင်းကိုအမြင်မကြည်တာကြောင့် သူသာယွဲ့မင်းရဲ့အကူအညီကိုသိသွားရင် သေချာပေါက်ကူညီပေးမှာမဟုတ်ပေ။ဒါကြောင့် အကျီကောက်ဝတ်လျက် သူတစ်ဦးတည်းသာမြန်မြန်သွားခေါ်ရန်ကြံလိုက်သည်။
အပြင်ကိုမြန်မြန်ထွက်သွားမယ်..ယွဲ့မင်းကိုရှာမယ်..ပြီးရင် အိမ်ထဲခေါ်လာမယ်..ဒါတွေပြီးမှ ဝမ်ရိပေါ်ကိုနှိုးမယ်ပေါ့။သူဟာယောကျာ်းပေမို့ ဒီလောက်ကတော့လုပ်နိုင်ပေမည်။
သူဟာဖုန်းကိုလည်း ယူဖို့မမေ့ပေ။အပြင်ကိုပြေးထွက်သွားပြီး ယွဲ့မင်းကိုနေရာအနှံ့ရှာကြည့်သည်။မနက်၃နာရီက မှောင်မဲနေသေးကာ လမ်းမီးရဲ့မှိန်ပျပျအလင်းရောင်သာတွေ့ရပြီး လူခြေတိတ်လို့နေသေးသည်။ယွဲ့မင်းများ အဖမ်းခံရသွားပြီလားဟူသောစိတ်နဲ့ ဖုန်းဆက်မိစဥ်..အနောက်မှအရိပ်တစ်ခုခုဖြတ်သွားသည်ကိုခံစားရမိသည်။
