Ep (31)

1.5K 219 24
                                    

Unicode

မနက်အစောပိုင်းလောက်မှာ ရှောင်ကျန့်စီ ဘုရင်စုရောက်လာခဲ့ပြန်သည်။သူရောက်သွားသည့်အချိန်တွင် အခန်းတစ်ခုလုံးပွစာကြဲကာ ပျက်စီးနေပြီး အိပ်ယာအောက်တွင်ပက်လက်လဲကျနေသည့်ရှောင်ကျန့်ပင်။ရှောင်ကျန့်မျက်လုံးများသည်အသက်မဲ့စွာ မှိုင်းကျနေပုံကိုကြည့်ခြင်းဖြင့် သူတစ်ညလုံးမအိပ်ထားကြောင်းသိရှိနိုင်သည်။

"ဆိုးလိုက်တာရှောင်လေးရယ်.."

ဘုရင်စုက ရှောင်ကျန့်အားပွေ့ချီလိုက်သည့်အချိန် ပိုးထည်အလားပျော့ပျောင်းလွန်းသည့်ဆံနွယ်များက ဘုရင်စုရဲ့လက်ဖျံမှတစ်ဆင့်အောက်သို့ရှည်လျားလှပစွာကျလို့နေသည်။

"ရှောင်လေးစီက ကိုယ်တစ်ခုခွင့်တောင်းချင်တယ်.. ရှောင်လေးရဲ့အစေခံကောင်လေးကို ကိုယ့်ရဲ့ကိုယ်ရံတော်က အပိုင်လိုချင်လို့တဲ့..အဲ့တာ.."

"အရှင်..!!!!!"

မရှိတဲ့အားကိုအသံကုန်အော်ဟစ်လိုက်သည်မို့ ရှောင်ကျန့်မျက်လုံးမှိတ်ကာအားပြန်ယူရသည်။ခဏအကြာမှ အားယူကာမျက်လုံးပြန်ဖွင့်၍ စုမင်းယွဲ့အား ကြောက်ခမန်းလိလိမျက်ဝန်းများဖြင့်ပြန်ကြည့်လာသည်။သူ့စီမှာ ဒီဘုရင်နဲ့ပက်သတ်ပြီးအမုန်းတရားတွေနဲ့ပဲပြည့်နှက်နေတော့၏။

"ခွင့်မလွတ်ဘူး..အာရန်ပါအနားမှာမရှိတော့ရင် လုံးဝခွင့်မလွတ်ဘူး...အခု အာရန်ရော..သူဘယ်မှာလဲ..!!!"

"သူအခု..ကိုယ့်ကိုယ်ရံတော်ရဲ့အိပ်ဆောင်က အိပ်ယာပေါ်မှာရှိလောက်မယ်.."

ရှောင်ကျန့်ဟာ ရင်ဘတ်ထဲမှာနာကျင်သွားမိသည်။သူတင်မက အာရန်ကိုပါလုပ်ရက်လိုက်ကြတာ။ဒါလား ပြည်သူအတွက်တရားမျှတမှုရှိတဲ့ဘုရင်။အာရန်က ဘယ်လောက်ပဲအားရှိတဲ့ကောင်လေးဖြစ်နေပါစေ သူနဲ့ခန္ဓာကိုယ်ရော၊အင်အားပါကွာတဲ့ ဘုရင့်ကိုယ်ရံတော်ကိုတော့ယှဥ်နိုင်မည်မဟုတ်ပါ။

"ရှောင်လေးက အစေခံလေးတစ်ယောက်ကိုတောင်တော်တော်ခင်တွယ်တာပဲ..ကိုယ်တော့်ရဲ့ရှောင်လေးက အရမ်းကိုစိတ်သဘောထားနူးညံ့ပါလား.."

စုမင်းယွဲ့ရဲ့မျက်ဝန်းရှည်ရှည်များဟာ ရှောင်ကျန့်ရဲ့လက်မှဒဏ်ရာများကိုတွေ့ရချိန်ပို၍မှေးကျဥ်းသွားသည်။

WRONG WAY [completed]Where stories live. Discover now