Ep (18)

2.1K 294 15
                                        

Unicode

ရှင်းယောင်ဟာ ထိုဖြစ်ရပ်တွေကို သူ့အဖွားပြောခဲ့သလို ပုံပြင်သဖွယ် ပြန်ပြောပြပြီးနောက် ဝမ်ရိပေါ်စီမှတောက်ခေါက်သံကြားလိုက်ရသည်။အားလုံးရဲ့မျက်နှာဟာလည်း မသာမယာသာဖြစ်နေခဲ့ပြီး ထိုအထဲမှာမှ ဟောက်ရွှမ်းကတော့ အနည်းငယ်ပို၍ တုန်လှုပ်နေခဲ့၏။ဒါကို သတိထားမိသူကတော့ စုန့်ကျိရန်ပင်။

စုန့်ကျိရန်က ဟောက်ရွှမ်းတစ်ခုခုဖြစ်နေပြီဆိုတာကိုသိနေတာကြောင့် ညီဖြစ်သူနိုးလာတဲ့အထိစောင့်ကြည့်ချင်သော်လည်း ဟောက်ရွှမ်းကြောင့်ပြန်ရန်သာ ဆုံးဖြတ်လိုက်၏။

"ငါတို့ပြန်နှင့်မယ်..ငါ့ညီလေးနိုးလာရင် ငါတို့ကိုအသိပေးပါဦး.."

ဟောက်ရွှမ်းနဲ့စုန့်ကျိရန်ပြန်သွားပြီးနောက်မှာတော့ ရှင်းယောင်သည်လည်းဘဲပြန်ဖို့သာဆုံးဖြတ်လိုက်သည်။ရှင်းယောင်ပြန်သည့်အခါမှာတော့ ရိန်းသည်လည်းဘဲ ယောင်လည်လည်နဲ့လိုက်ပါသွား၏။ဒါပေမဲ့ ဝမ်ရိပေါ်က တံခါးပေါက်နားမှာသာရှိသေးသောရှင်းယောင်ကို တစ်စုံတစ်ရာကြောင့်ပြန်ခေါ်ရတော့သည်။

"နင်ပြောတော့ ဒီပုံပြင်ကလိုင်းပေါ်မှာရှာတာတောင်မရှိဘူးဆို.."

"အင်း..ဟုတ်တယ်..တစ်ခြားပုံပြင်မျိုးတွေရှိပေမဲ့ ငါ့အဖွားပြောပြတဲ့ပုံပြင်မျိုးတော့ငါရှာမတွေ့ဘူး.."

"ဒါဆို..နင့်အဖွားက ဘယ်လိုသိတာလဲ.."

"အယ်...ဟုတ်သား.."

ရှင်းယောင်ဟာ ဝမ်ရိပေါ်အမေးမှာ တုံ့ဆိုင်းသွားရသည်။သူ့အဖွားက ကြားဖူးတဲ့ပုံပြင်ကို ကိုးကားပြီး ပြန်ပြောလေသလား..ဒါမှမဟုတ် ဒီအတိုင်းထွေရာလေးပါးလျှောက်ပြောတာလား။

"သူ..ငါ့ကို ဒီအတိုင်းပြောလိုက်တဲ့ပုံပြင်တစ်ပုဒ်များဖြစ်နေမလား.."

ရှင်းယောင်က အိမ်သို့သာ ပြန်သွားခဲ့သည်။ညဘက်ရောက်တာတောင် ရှောင်ကျန့်က အိပ်မောကျနေတုန်းပင်။ရှောင်ကျန့်ရဲ့လက်ဖဝါးများကို ဆုပ်ကိုင်ထားလျက် ပြန်နှိုးလာချိန်သို့သာစောင့်နေခဲ့မိသည်။

တစ်စုံတစ်ယောက်က ရှောင်ကျန့်ရဲ့ဖူးစာရှင်ကိုသတ်မှတ်ထားပြီးသားဆိုရင်တောင် ထိုဖူးစာရှင်က သူပဲဖြစ်နေရမည်။ရှောင်ကျန့်ရဲ့နတ်ဘဝမှာရော၊လူ့ဘဝနှစ်ခုလုံးမှာ သူနဲ့သာလျှင်တွေ့ဆုံခဲ့တာ။ဒါဆိုရင် သူက ရှင်းယောင်ပြောတဲ့ပုံပြင်ထဲက အမတ်ဆိုသူလား။

WRONG WAY [completed]Où les histoires vivent. Découvrez maintenant