Ep (34)

1.6K 226 24
                                        

Unicode

ရှောင်ကျန့်ဟာ နာကျင်မှုဖြင့်သာတစ်ဖန်ပြန်နှိုးလာရပြန်သည်။တစ်ဆတ်တည်းသူဟာအသက်တော်တော်ပြင်းသည့်လူဆိုတာကိုပါသိသွားရ၏။

ဒီအချိန် ညီလာခံသွားရမည်မို့ ဘုရင်သည်လည်းရှိမနေသလို သူဟာကျောဆန့်ချင်လာသည့်အတွက် လမ်းထလျှောက်မိပြီး အပြင်တံခါးကိုဖွင့်ကြည့်သည့်အခါ အထိန်းတော်၂ယောက်မှာလည်းပင်ပန်းမှုကြောင့်လားမသိငိုက်မြည်းလို့နေသည်။

သူတို့လည်း ဒီတစ်ပတ်ကျော်အတွင်း သူ့ကြောင့်ပင်ပန်းနေတော့မှာပေါ့။အပြင်တွင် နှင်းကျတာရပ်နေပြီး နေရောင်ကြောင့်အနည်းငယ်တော့နွေးလို့နေ၏။

"လမ်းလျှောက်လို့ကောင်းတဲ့အချိန်ပဲ.."

သွားနေကြမဟုတ်သော်လည်း နေရာတွေကိုသူအကုန်အလွတ်ရနေပြီးသားပဲလေ။ဒါကြောင့် လှည့်ပတ်သွားရင် ခဲမတတ်အေးစက်နေသည့်ရေကန်လေးတစ်ခုအပေါ်မှ တံတားလေးပေါ်ရပ်၍ အချိန်အတော်ကြာသည်အထိ ကန်ထဲမှအလှမွေးငါးလေးများကိုကြည့်နေမိသည်။

ပါးစပ်အတွင်းမှအငွေ့တလူလူထွက်သည်အထိ ရာသီဥတုကချမ်းအေးနေတာပဲ။အခန်းထဲအောင်းပြီး ကောင်းမွန်နွေးထွေးတဲ့မွေ့ယာကြီးနဲ့စောင်အထူကြီးအောက်မှာနေနေတော့ ဒီလောက်အေးမယ်မှန်းမသိခဲ့ဘူး။

ရေကန်ထဲကြည့်နေရင်း မကြာခင်ကအိမ်မက်ကိုပြန်သတိရမိသည်။ထိုအိမ်မက်က သူ့မျက်လုံးအရှေ့မှာဖြစ်ပျက်နေသကဲ့သို့ပင်။ဝမ်ရိပေါ်က မီးတောင်ချော်ရည်များကြား ပူလောင်နေပြီး သူ့အသားမျာကတစ်စတစ်စလောင်ကျွမ်းလို့နေတာ။

"ရိပေါ်..ဝမ်ရိပေါ်.."

ဝမ်ရိပေါ်က သူ့ကိုလက်လှမ်း၍ကယ်တင်ပေးဖို့ပြောဆိုနေသည်။သူကယ်ပေးမှဖြစ်မည်။ဒါပေမဲ့ သူဘယ်လိုကယ်ရမလဲ။သူဆင်းဆယ်လိုက်ရမလား။သူဟာဝမ်ရိပေါ်ရှိသည့် ချော်ရည်ပူများထဲသို့ခုန်ဆင်းမိရသည်။

"ဗွမ်းးး..!!!"

အေးလိုက်တာ။အတော်ကိုအေးတာပဲ။မီးတောင်ချော်ရည်တွေကအတော်ကိုအေးတာပဲ။ငါးလေးများက သူ့အဝေးသို့ထွက်ပြေးသွားကြ၏။ငါးလေးတွေကို လန့်စေမိပြီလား။သူရေကန်ထဲခုန်ချမိခဲ့တာပဲ။

WRONG WAY [completed]Opowieści tętniące życiem. Odkryj je teraz