Ep(1)

15.8K 732 99
                                        

Unicode

နှင်းများတစ်ဖွဲဖွဲ ကျဆင်းနေသော ညလည်တွင် လမ်းဘေးတစ်နေရာ ၊ ရှင်းရှင်းပြောရရင် လူခြေတိတ်ပြီး အေးစက်နေသော လမ်းဘေးပလက်ဖောင်းတစ်နေရာမှာ တစ်ကျွီကျွီမြည်နေသော တွန်းလှည်းအဟောင်းတစ်ခုကို တွန်းကာ ကိုယ်ဝန်ဆောင်သည် မိန်းမတစ်ဦးက အလုပ်လုပ်နေဆဲပင်။

တွန်းလှည်းထဲမှ တစ်ချို့ကော်အမှိုက်များနဲ့ ရေဘူးခွံများက သူ့စားသောက်စရိတ်ကိုကာပေးပြီး အချို့တန်ဖိုးအနည်းငယ်ရှိသော ပစ္စည်းဟောင်းများက သူ့ကလေးစရိတ်အတွက်စုရမည်။

ထိုမိန်းမသည် အဝတ်အစားကြောင့် အသက်အရွယ်မှာ သက်လတ်ပိုင်းဟုထင်ရသော်လည်း ထီးဆောင်းရန်အဆင်မပြေသဖြင့် နှင်းမှုန်များဒဏ်ကိုကာကွယ်ရန် ခေါင်းမှနားရွက်အထိ အုပ်ကျနေသော အမွေးပွခေါင်းဆောင်းလေးနဲ့ လည်ပင်းမှမာဖလာကို ဖယ်ရှားလိုက်ပါက တစ်ကယ်ချောသည့် မိန်းကလေးတစ်ဦးပင်ဖြစ်သည်။

၂၅နှစ်အရွယ် ရိရှင်းဟာ မွေးကတည်းက အဒေါ်လင်မယားနဲ့ နေခဲ့ရပြီး အနှိပ်စက်ခံမိန်းကလေးတစ်ဦးဖြစ်ပေမဲ့ စိတ်ထားကောက်ကျစ်သူတွေကြားတစ်မူထူးကာ အလွန်စိတ်ထားဖြူစင်သူတစ်ယောက်ဖြစ်သည်။

သူမဟာ ၂၂နှစ်ဟူသော အရွယ်၊ အရွယ်ငယ်တုန်းမှာ အိမ်ထောင်ပြုခဲ့မိသည်ကို ဘယ်တုန်းကမှ နောင်တမရဖူးခဲ့ပါ။၂၄နှစ်မှာကိုယ်ဝန်ရှိခဲ့ပြီး လင်မယားနှစ်ယောက်အလွန်ပျော်ရွှင်ခဲ့ရပေမဲ့ သူမလိုမိန်းကလေးအတွက် ကံကြမ္မာကြီးက ပျော်ရွှင်မှုကိုပေးဝေသည့်နေရာမှာ ကပ်စီးနဲခဲ့ပုံပဲ။

လွန်ခဲ့တဲ့ ၃လ၊ ကိုယ်ဝန်၆လမှာ သူမယောကျာ်းဟာ ဘယ်ကမှန်းမသိသော လူရဲ့ ရိုက်နှက်ခြင်းကို ခံရကာ အရိုက်ခံထားရတာကို လူမမြင်နိုင်သည့်နေရာတ်ခုမှာ ဖွက်ထားခဲ့ခြင်းကြောင့် သွေးလွန်ပြီး သေဆုံးသွားခဲ့ရသည်။သူမယောကျာ်းမှာ ဆွေမျိုးဟူ၍ ၁၀နှစ်အရွယ်ညီလေးတစ်ယောက်သာ ကျန်ခဲ့သည်။

ယခုအချိန်မှာတော့ သူမယောကျာ်းထားခဲ့တဲ့ ပိုက်ဆံအနည်းငယ်နဲ့ သူမတစ်နေ့အလုပ်လုပ်လို့ရတဲ့ တစ်ရက်စာငွေကြေးက ကလေးမွေးဖွားစရိတ်အတွက်သာ အဓိကဖယ်ထားရ၏။

WRONG WAY [completed]Tahanan ng mga kuwento. Tumuklas ngayon