Unicode
ဝူထုန်းက လေယာဥ်ကွင်းသွားဖို့အကုန်ပြင်ဆင်ပြီးသွားပြီဖြစ်သည်။သူက မတွေ့ရတာကြာနေပြီဖြစ်သော တူဖြစ်သူလေးကိုတွေ့ရဖို့မစောင့်နိုင်တော့ပေ။
"ဝမ်ရိပေါ်ဆိုတဲ့ခွေးဝဲစားကောင်က ငါ့ကိုတူလေးနဲ့ပေးမတွေ့ဘူး..ငါအခုအိမ်ပြန်ရောက်ရင် မင်းဘာတတ်နိုင်သေးလဲကြည့်ကြသေးတာပေါ့.."
အထုပ်တွေကိုသိမ်းဆည်းနေရင်း ဝူထုန်းက သူ့အကျီစကိုတစ်ယောက်ယောက်လာဆွဲနေသည်ကိုခံစားမိလိုက်ပြီး ချက်ချင်းဆိုသလိုလှည့်ကြည့်လိုက်မိသည်။
"ပေါက်စီလေး..!!!"
ဗိုက်ကိုနှိပ်လျက် ချွေးများစီးကျနေတဲ့လုံဝေဟာ အသံသေးသေးလေးသာထွက်နိုင်တော့သည်အထိ ဝေဒနာကို ခံစားနေရပုံပင်။ဘာတွေမှားလို့လဲဟုတွေးရင်း ဝူထုန်းသည်လည်းပဲစိုးရိမ်သွားရသည်။အရေးရယ်အကြောင်းရယ်တစ်ကယ်ဖြစ်လို့ဆိုရင် သူလုပ်တတ်တာဘာမှမရှိ။
"ဦး..ဗိုက်...ဗိုက်နာတယ်..."
"ဗိုက်..ဗိုက်က ဘာဖြစ်လို့လဲ..
အိမ်သာ..လာ..လာ အိမ်သာထဲလိုက်ပို့ပေးမယ်.."လုံဝေကထိုင်ချလိုက်ပြီး ခေါင်းကိုသွင်သွင်ခါလိုက်ကာ..
"အိမ်သာ.. မဟုတ်ဘူး..
ဆေး..ဆေးရုံ ပို့ပေး..
ဦး..ဆေးရုံအမြန်.."ဘာကိုမှတုံ့ဆိုင်းမနေတော့ဘဲ လုံဝေရဲ့ကိုယ်ကို ဝူထုန်းကမင်းသမီးလေးတစ်ပါးလိုပွေ့ချီလိုက်ပေမဲ့ လေထဲတောင်လုံဝေရဲ့ခန္ဓာကိုယ်ကမရောက်လိုက်ဘဲ ဝူထုန်းကလည်း ကုန်းလျက်သားကြီးသာရှိနေခဲ့သည်။၁၀နှစ်ကျော်သာရှိသေးသောကလေးငယ်တစ်ယောက်ရဲ့ကိုယ်အလေးချိန်ကို ဝူထုန်းရဲ့လက်မောင်းကြွက်သားများက မမနိုင်ပုံပေ။
"အ..အဟမ်း..
ငါ့ကျောပေါ်တတ်..""ရရဲ့လား..ခါးကျိုးသွားဦးမယ်.."
"ရပါတယ်..ကွ.."
ဝူထုန်းရဲ့ကျောပေါ်တတ်လျက်ပြောသော လုံဝေရဲ့အပြောကိုပြန်ဖြေရာတွင် သူ့ကျောပေါ်မှာလေးလံသောအရာတစ်ခုကို တစ်နင့်တစ်ပိုးသယ်ထားရသလိုဖြစ်နေတာကြောင့် ဝူထုန်းရဲ့ပြောသံမှာ အက်သံအနည်းငယ်ပါနေပြီး သူဟာ ကျောပိုးပြီးပြီးချင်း ချက်ချင်းဆိုသလို ဝက်သားပေါက်စီလုံးလေးအား ပစ်သာချပစ်လိုက်ချင်သည်။သူ့ဘဝတစ်သက်တာမှာ ကလေးတစ်ယောက်အား ကုန်းပိုးမိလို့ ခါးရိုးကျိုးသွားတယ်ဆိုရင်တော့ တော်တော်ခံပြင်းဖို့ကောင်းသွားပြီ။
